Feb 18, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့မွန်းလွဲပိုင်းတွင် ဘရူနိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Major General Dato Seri Pahlawan Haji Hamzah bin Haji Sahat နှင့် Video Conferencing ဖြင့်တွေ့ဆုံဆွေးနွေးသည်။
Feb 18, 2021
ကျောက်ဆည်မြို့နယ်တွင် ငွေကျပ်သိန်း ၁,၁၇၀ တန်ဖိုးရှိ ဘိန်းစိမ်း ၇၈ ကီလို ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Feb 18, 2021
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များသည် ယနေ့မွန်းလွှဲပိုင်းက မကွေးမြို့၊ မဟာဝိသုတာရာမစာသင်တိုက်၌ မကွေးမြို့ပေါ်ရှိဆရာတော်ကြီးများအား ဖူးမြော်ကန်တော့၍ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။
Feb 18, 2021
(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Feb 18, 2021
တာချီလိတ်မြို့ မြန်မာ- ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂) မှတစ်ဆင့် ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာသော နေရပ်ပြန်မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများကို ယနေ့နံနက်ပိုင်းက မြန်မာတာဝန်ရှိသူများက ပြန်လည်လက်ခံခဲ့ကြသည်။
Feb 18, 2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်မှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိမြို့နယ်များသို့ ခရီးသည်များ ပြေးဆွဲပို့ဆောင်ပေးလျက်ရှိသော ခရီးစဉ်ယာဉ်လိုင်းများအနေဖြင့် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကူး စက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း ပြေးဆွဲမှုမရှိဘဲ ရပ်နားထားခဲ့ရာမှ ဖေဖော်ဝါရီ ၁၆ ရက်တွင် စတင်ပြီး ယာဉ်လိုင်းအချို့ ပြန်လည်ပြေးဆွဲပေးလျက်ရှိသည်။
Feb 18, 2021
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
Feb 18, 2021
နေပြည်တော် ဖေဖော်ဝါရီ ၁၇ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုသက် သာရေးစီမံချက် (CovID-19 Economic Relief Plan - CERP) အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးမှုများနှင့်စပ်လျဉ်းသည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ပိုင်းတွင် နေပြည်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က နိုင်ငံတော်မှ ၂၀၂၀ ပြည့်နှစ် ပြီ ၂၇ ရက်က ထုတ်ပြန် ခဲ့သော CERP စီမံချက်အရ လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆက်လက် အကောင်အထည်ဖော် ဆောင်သွားရန် ဖြစ်ကြောင်း၊ CE RP တွင် ပန်းတိုင် (၇) ရပ်၊ မဟာဗျူဟာ (၁၀) ခု၊ လုပ်ငန်းစဉ် (၃၆) ခုနှင့် လုပ်ဆောင်ချက် (၇၈) တို့
Feb 18, 2021
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေး၏ သာမန်သတင်းထုတ်ပြန်ရေး Website များအား ယနေ့ မွန်းလွဲပိုင်းတွင် အဖျက်အမှောင့်လုပ်ဆောင်လိုသည့် မသမာသူများက ခေတ္တရပ်တန့်သွားအောင် နှောင့်ယှက်ခဲ့ကြောင်း သိရသည်။
Feb 18, 2021
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ Trade Policy Review Body (TPRB) က ဦးဆောင်၍ Virtual စနစ်ဖြင့် ကျင်းပသည့် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ လေ့လာဆန်းစစ်ခြင်း လုပ်ငန်းစဉ်အတွက် အပြီးသတ်အစီရင်ခံသည့် အစည်းအဝေး ဒုတိယနေ့ကို ယနေ့ ညနေ ၃ နာရီခွဲတွင် ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမင်းမင်း တက်ရောက်သည်။
Feb 18, 2021
မိဘပြည်သူများ လိုအပ်နေသည့် ရောဂါဝေဒနာကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက်ပေးခြင်း အမှုသည် မည်မျှမွန်မြတ်ဖွယ်ကောင်းသနည်း။ မည်မျှစိတ်နှလုံးချမ်းမြေ့ကြည်နူးဖွယ် ကောင်းသနည်း။ ပြောပြ၍ပင် ရနိုင်မည် မထင်ပါ။ မိမိတို့ခံစားနေရသော ရောဂါဝေဒနာများကို သက်သာပျောက်ကင်းအောင် ပြုစုကုသမှုပေးသူအား ကာယကံရှင်များက မည်မျှဝမ်းမြောက် ကျေးဇူးတင်ကြသည်မှာ အတိုင်းမသိပါ။
Feb 18, 2021
ယခုလအတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲနမူနာစစ်ဆေးမှုများ လျော့နည်းသွားခြင်းကြောင့် ဓာတ်ခွဲအတည်ပြုလူနာသစ် တွေ့ရှိမှုမှာလည်း လျော့နည်းသွားသည်။ မြန်မြန်စစ်ဆေး၊ မြန်မြန်တွေ့ရှိ မြန်မြန်ကုသနိုင်မှသာ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ကာကွယ်လျှော့ချ တားဆီးနိုင်မည်ဖြစ်သည်။ ပုံမှန်အားဖြင့် ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာစစ်ဆေးမှု ၁၆၀၀၀ ကျော်ခန့်မှသည် ၁၉၀၀၀ ကျော်ခန့်အထိ စစ်ဆေးခဲ့သည့် နှုန်းများအတိုင်း ပြန်လည်စစ်ဆေး သွားနိုင်ရန်လည်း မျှော်လင့်မိသည်။ ကိုဗစ်-၁၉ ဗိုင်းရပ်စ်သည် ကူးစက်မြန်ပြင်းထန်သည့် ဗိုင်းရပ်စ်ဖြစ်သည့်အလျောက် စစ်ဆေးဖော်ထုတ်မှုအားနည်း မျက်ခြည်ပြတ်သွားသည်နှင့် ကူးစက်နှုန်း၊ မြင့်တက်လာမည့် အရေးကိုလည်း မျှော်တွေးစိုးရိမ်မိသည်။
Feb 17, 2021
(၁၆-၂-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၁၇-၂-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲ နမူနာစုစုပေါင်း (၁,၄၈၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် (၃၁) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၄၇၉,၄၀၅) အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၁,၆၉၀) ဦး ရှိပြီ ဖြစ်ပါသည်။
Feb 17, 2021
နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့တွင် နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 17, 2021
နိုင်ငံဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများအား လစာနှင့်စရိတ်များ သတ်မှတ်ချက်အတိုင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြည်သူသို့အသိပေး ချက်ထုတ်ပြန်ထားသည်။
Feb 17, 2021
(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Feb 17, 2021
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပရန်နှင့် မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးကော်မတီ အဆင့်ဆင့်ပြန်လည်ဖွဲ့စည်းရေး ဆွေးနွေးညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 17, 2021
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ဖေဖော်ဝါရီ ၁၄ ရက် က B.O.T စနစ်ဖြင့် ဆောင်ရွက်သော ဘုရားကြီး - ကျိုက်ထို - မော်လမြိုင်လမ်း (ဘုရားကြီး -ကျိုက်ထို အပိုင်း) တံတား ဆောင်ရွက်ထားရှိမှုကို လည်းကောင်း ၊ အရှေ့ - အနောက်စီးပွားရေး စင်္ကြန်လမ်းမ ကြီးအပိုင်းတွင်ပါဝင်သည့် ကျိုက်ထိုမြို့ရှောင်လမ်း ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း လမ်းတစ် လျှောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
Feb 17, 2021
မြန်မာ့ဆန်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဆင်ပြေချောမွေ့စွာ တင်ပို့နိုင်ရေးနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 17, 2021
(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက်နေ့ ညနေ (၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
