Nov 03, 2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီး ဌာနက ကြီးကြပ်၍ ကမ်းဝေး ငါးဖမ်း သင်္ဘာများ အချိန်မီပင်လယ်ပြင်ထွက် နိုင်ရေးအတွက် ကမ်းရိုးတန်းတိုင်း ဒေသကြီးဖြစ်သော ရန်ကုန်၊ တနင်္သာရီ၊ ဧရာဝတီနှင့် မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်တို့မှ ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများသည် သီတင်းကျွတ် ရုံးပိတ်ရက်များတွင် ငါးဖမ်းစက်လှေ များသို့သွားရောက်၍ ငါးဖမ်း၊ ငါးသယ် ရေယာဉ်များတွင် တပ်ဆင်ထားသော တည်နေရာ သတင်းအချက် အလက်ပေးပို့သည့် VMS စက်များ ဖြုတ်ခြင်း၊ တပ်ခြင်း၊ ပြောင်းရွှေ့ တပ်ဆင်ခြင်း များ လုံးဝ(လုံးဝ) မပြုလုပ်စေရေး ညွှန်ကြားချက်နှင့်အညီ ကမ်းဝေး ငါးဖမ်းလှေများ၏ VMS များအား ချိပ် တံဆိပ်ကပ်နှိပ်ခြင်း ဆောင်ရွက် လျက်ရှိသည်။
Nov 03, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ် များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် ကိုရီးယား သမ္မတနိုင်ငံ၌ စာချုပ်သက်တမ်းကုန်ဆုံး၍ အခက် အခဲကြုံတွေ့နေရသည့် မြန်မာ သင်္ဘောသား များအား ဆိုးလ်မြို့ရှိ မြန်မာသံရုံးနှင့် Dragon Tun ကုမ္ပဏီ တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) စင်းလုံးငှား ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင် ခဲ့ရာ ယနေ့ ည ၈ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။
Nov 03, 2020
ဒီမိုကရေစီသည် အများပြည်သူဆန္ဒကို ဦးစားပေးသည့် စနစ်ဖြစ်သည်။ ပြည်သူများ၏ဆန္ဒ နှင့်အညီ ဦးစားပေးဆုံးဖြတ်သည့်နိုင်ငံရေးစနစ်ဖြစ်သည်။ ထို့ကြောင့် ပြည်သူများ၏ဆန္ဒဖြင့် ရွေးချယ်တင် မြှောက်သည့် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲများကိုပြဋ္ဌာန်းထားသော စည်းကမ်း ဥပဒေပါ အတိုင်း စနစ်တကျကျင်းပကြသည်။ ။
Nov 03, 2020
သမိုင်းသင်တာ မအ အောင်လို့ ဟူသည့် သမိုင်းပါမောက္ခ ဆရာ ကြီး ဒေါက်တာသန်းထွန်း၏ စကားသည် မြန်မာနိုင်ငံ၌ ကျော်၏။ သမိုင်းကို ဂဃနဏ သိပါမှ ပစ္စုပ္ပန်ကို ခြေခြေမြစ်မြစ် နားလည် နိုင်မည်။ ပစ္စုပ္ပန်ကို ကျကျနန နားလည်ပါမှ အနာဂတ်အတွက် ပြင်ဆင်နိုင်မည် မဟုတ်ပါလား။ ။
Nov 02, 2020
(၁-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၂,၂၂၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ်(၁,၂၀၂)ဦး တွေ့ရှိရပါသည်။
Nov 02, 2020
(၁-၁၁-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင်တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၆၉၉) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Nov 02, 2020
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 02, 2020
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့် နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ အနေဖြင့် အောက်တိုဘာ ၂၉ ရက်မှ စတင်၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များနှင့်အညီ မဲရုံများသို့ သွားရောက်၍ ကြိုတင်ဆန္ဒမဲများ ပေးလျက်ရှိ ကြသည်။
Nov 02, 2020
UEHRD ကော်မတီ (၃)နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ ၁၉ ရက်က ကျင်းပခဲ့ပါတယ်။ ပထမနဲ့ ဒုတိယအကြိမ်တွေကို နေပြည်တော်မှာ ပုံမှန်အတိုင်း အခမ်းအနားတွေကို ခမ်းနားစည်ကားစွာ ကျင်းပနိုင်ခဲ့တယ်။ ဒီနှစ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကြီးကြောင့် ပုံစံတစ်မျိုးနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ အခမ်းအနားကို အွန်လိုင်းကတစ်ဆင့် လုပ်ခဲ့တာဖြစ်တယ်။ ယခုအချိန်မှာ ပြည်တွင်းပြည်ပအခမ်းအနားတွေကို အွန်လိုင်းကတစ်ဆင့် ကျင်းပနေတာဖြစ်ပါတယ်။ နည်းပညာအားကိုးပြီး သပ်သပ်ရပ်ရပ်လုပ်ကိုင်နိုင်ခဲ့ တယ်။
Nov 02, 2020
ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံ တကာတွင် လူမှုစီးပွားဘဝ ထိခိုက်မှုများ ကြုံတွေ့ခဲ့ရပြီး အချို့နိုင်ငံများ အကျဘက်သို့ ဦးတည်နေသည်။ ထိခိုက် မှုကို ပြန်လည်ကုစားရန် မိမိတို့ အခြေခံအင်အားအပေါ် မူတည်၍ နိုင်ငံအသီးသီးက ကြိုးစားလျက်ရှိကြသည်။ မြန်မာနိုင်ငံအနေဖြင့် မိမိမှာရှိသည့် အခြေခံအင်အားကို အပြည့်အဝအသုံးချကာ နိုင်ငံအတွင်းရှိ ဒေသအလိုက် အသားကျနေပြီးဖြစ်သော အလားအလာကောင်းသည့် စီးပွားရေးကဏ္ဍများကို မြှင့်တင်ခြင်းမှတစ်ဆင့် နိုင်ငံ တော်၏ စီးပွားရေးအရှိန်ကိုမြှင့်တင်ရန် လိုအပ်သည်။
Nov 02, 2020
မလေးရှားနိုင်ငံတွင် အကြောင်း အမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံ သား ၂၈၀ အား မလေးရှားနိုင်ငံ အစိုးရ အစီအစဉ်ဖြင့် Malaysia Airlines စင်းလုံးငှားအထူးလေယာဉ် ပျံသန်း ပြေးဆွဲလျက် ပြန်လည်ပို့ဆောင်ခဲ့ရာ ယနေ့နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး(အောက်ပုံ) သက်ဆိုင်ရာ တာဝန်ရှိသူများမှ လွှဲပြောင်းလက်ခံခဲ့သည်။
Nov 02, 2020
ယခုနိုဝင်ဘာလဆန်းသည် မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံးကာလ ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလ၌ ပြည်လုံးကျွတ် ရွေးကောက်ပွဲကျင်းပရခြင်း ဖြစ်သည်။ ကိုဗစ်ကလည်းအရေးကြီး၊ ရွေးကောက်ပွဲက လည်းအရေးကြီးဖြင့် အထူးသတိထားလုပ်နေရသည့်အချိန် ဖြစ်သည်။ ယခုအခါ ကြိုတင် ဆန္ဒမဲများ စတင်ပေးနေပြီဖြစ်သည်။ မကြာမီတွင် ပြည်လုံးကျွတ်အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့ မည်ဖြစ်သည်။
Nov 02, 2020
စေတနာနံ ကမ္မံ ဘိက္ခဝေ အဟံ ဝဒါမိ။
စေတနာကို ကံဟူ၍ ငါဘုရားသည် ဟောတော်မူ၏ဟု ဆိုပါ သည်။ ပြုပြုသမျှသော ကောင်းမှု မကောင်းမှုတို့တွင် စေတနာ သည် အရေးကြီး၏။
Nov 01, 2020
(၃၁-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၈,၁၀၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ်(၆၉၉)ဦး တွေ့ရှိရပါသည်။
Nov 01, 2020
ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများ အပါအဝင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် နိုင်ငံတော်ကိစ္စရပ်များတွင် အသုံးပြု ရန် ဝယ်ယူထားသော နိုင်ငံတော်ပိုင် AW-139 အမျိုးစား ရဟတ်ယာဉ် XY-AFT သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်သို့ ဆိုက်ရောက်သည်။
Nov 01, 2020
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁-၁၁-၂၀၂၀) ရက်နေ့၊ ညနေ (၄:၀၀)နာရီ
(၃၁-၁၀-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင်တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၂၁၀) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်
#Ministry of Health and Sports, Myanmar
Nov 01, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ ရွာသာကျေးရွာတွင် ဆောင်ရွက်လျက်ရှိသော ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း တာဝန်ရှိသူများနှင့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ယနေ့နံနက် ၁၀နာရီက အဆိုပါ ကျေးရွာရှိ စာသင်ကျောင်းခန်းမတွင် တွေ့ဆုံခဲ့သည်။
Nov 01, 2020
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ၊ ရွှေဘိုခရိုင် အုပ်ချုပ်ရေးမှူးနှင့်အတူ ယမန်နေ့ နံနက်(၉)နာရီက ရွှေဘိုမြို့ ပြည်ရွှေဘိုဧည့်ရိပ်သာ၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် နှင့် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတို့အား တွေ့ဆုံခဲ့သည်။
Nov 01, 2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ အနေဖြင့် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ ကြိုတင်ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများသည် အောက်တိုဘာ ၂၉ ရက်မှစ၍ သက်ဆိုင်ရာ ရ