Skip to main content

ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦး ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များ တွေ့ဆုံ

 

စစ်တွေ ဇွန် ၂၅

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦး သည် ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ကောင်စီအဖွဲ့ဝင်များနှင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူလျင်မြန် အဆင်ပြေချောမွေ့စေရေးနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အလေးထား ဆောင်ရွက်ရမည့် ကိစ္စရပ် များ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ပေးသည့် စံပြုလုပ်ထုံးလုပ်နည်းနှင့်အညီ လိုက်နာဆောင်ရွက်ရန်ကိစ္စများ၊  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များမှ အရေးကြီးသည့် ပြဋ္ဌာန်းချက်များ၊ ရင်းနှီးမြှုပ်နှံမှု မူဝါဒဆိုင်ရာကိစ္စများ၊  ပြည်နယ်ဖွံ့ဖြိုးတိုး တက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ခွင့်ပြုပြီးလုပ်ငန်းများကိုလည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်းက ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီဝင်များကလည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားသည်။  

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဉီးစီးမှူးရုံးသို့ သွားရောက်၍ ရုံးလုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ် ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းနှီးပွင့်လင်းစွာတွေ့ဆုံ၍ အခက်အခဲများကို ဖြည့် ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)