Jun 29, 2021
ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီက အကောင်အထည်ဖော်ဆောင်ရွက် ပြီးစီးခဲ့သည့် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာကို ကိုဗစ်-၁၉ ကုသရေး စင်တာဖွင့်လှစ်ခြင်းကို ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။
Jun 29, 2021
ရန်ကုန်တိုင်းဒေသကြီး၏ ဆန်စပါးစိုက်ပျိုးရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ သိရှိနိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုဥပဒေများအရ ဆန်စပါးစိုက်ပျိုးရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာ နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီနှင့် Myanmar - China (juangsu) Chamber of Commerce and Industry Incorporated တို့ပူးပေါင်းပြီး ရန်ကုန်တိုင်း ဒေသကြီး၏ ဆန်စပါးစိုက်ပျိုးရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံး၌ ကျင်းပသည်။
Jun 29, 2021
ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီခွဲက ရေစီးရေလာစီမံခန့်ခွဲမှုဌာနမှ ဆောင်ရွက်နေသော မရမ်းကုန်းမြို့နယ် (၃)ရပ်ကွက် သမိုင်းလမ်းဆုံအနီး သမိုင်းချောင်းနှင့် အင်းစိန်လမ်းမြောင်းအတွင်းမှ နုန်းနှင့်အမှိုက်များ ဆယ်ယူရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
Jun 29, 2021
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ အစိုးရ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မော်လိုက်မြို့ မြို့တော်ခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jun 29, 2021
ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ရုံးအုပ်နှင့် ဌာနခွဲ စာရေးများ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၂/၂၀၂၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပသည်။
Jun 29, 2021
မျက်မှောက်ကာလ၌ ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် ကိုဗစ်-၁၉ ကပ်ရောဂါ တစ်ကျော့ပြန် ကူးစက်မှုမြင့်တက်လာသည်ကို မြင်တွေ့နေရသည်။ ဥရောပနိုင်ငံများတွင် ကူးစက်မှု နေ့စဉ်မြင့်မားနေပြီး မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများတွင်လည်း ရောဂါကူးစက်မှုမြင့်မားနေသည်။ အရှေ့တောင်အာရှနိုင်ငံများတွင် အင်ဒိုနီးရှားနိုင်ငံသည် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်နေသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်- ၁၉ ကူးစက်မှုမှာ ပြီးခဲ့သည့်မေလကုန်မှစ၍ တစ်နေ့ထက်တစ်နေ့ ကူးစက်မှုနှုန်း မြင့်မားနေပြီး လူသေဆုံးသူအရေအတွက်လည်း နေ့စဉ်တိုးနေသည်။
Jun 29, 2021
ဇွန်လ ၂၆ ရက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့က ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၆၂ မျိုး စုစုပေါင်း တန်ဖိုးငွေ အမေရိကန်ဒေါ်လာ ၆၆၇ သန်းကျော်ဖိုးနှင့် ဆက်စပ်ပစ္စည်းပေါင်း အမျိုး၆၀တို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။ ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများသည် မြန်မာနိုင်ငံတစ်ဝန်းမှ တစ်နှစ်တာ ကာလအတွင်း ဖမ်းဆီးရမိခဲ့သည့် ဘိန်း၊ ဘိန်းဖြူ၊ စိတ်ကြွ ရူးသွပ်ဆေးပြား၊ အိုက်စ်၊ ဆေးခြောက်၊ ကတ်တမင်း၊ ကဖင်း စသည်တို့ ပါဝင်သည်။
Jun 28, 2021
အာဆီယံ-ရုရှား လုံခြုံရေးဆိုင်ရာ အဆင့်မြင့် ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန် ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် နေပြည်တော်မှ ပါဝင်တက်ရောက်သည်။
Jun 28, 2021
(၂၇-၆-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၈-၆-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၅၈၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ သစ် (၁,၂၂၅) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၇၁၈,၁၇၀) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၅၄,၃၈၅) ဦး ရှိပြီ ဖြစ်ပါသည်။
Jun 28, 2021
ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို တိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေး၊ ဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ်တည်ငြိမ်တိုးတက် ကောင်းမွန်စေရေးတို့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 28, 2021
စက်မှုဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရုံးအမှတ်(၃၀)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 28, 2021
လုပ်ငန်းသုံးယာဉ်အုပ်စုတွင် ပါဝင်ပြီးအထူးတည်ဆောက်ထားသည့် Special Purpose Vehicle ယာဉ်များ တင်သွင်းမှုနှင့် သက်ဆိုင်သော မူဝါဒလုပ်ထုံး လုပ်နည်းများ ညှိနှိုင်းအစည်း အဝေးနှင့် နယ်စပ်ကုန်သွယ်ရေးအသင်းများနှင့် ကုန်သွယ်မှုကိစ္စရပ်များ ဆွေးနွေးခြင်း အစည်း အဝေးများတို့ကို ယနေ့မွန်းလွဲပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 28, 2021
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဇွန် ၂၇ ရက် မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက တည်ထောင်ထားသော ကောင်းမှုတော် ပျိုးဥယျာဉ်အတွင်း အပူပိုင်းဒေသတွင်ပေါက်ရောက်သော သစ်မျိုး ၂၂ မျိုး၊ ပျိုးပင် ၄၅၀၀၀ ပျိုးထောင်ထားရှိမှု ကြည့်ရှုစစ်ဆေးသည်။
Jun 28, 2021
၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 28, 2021
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဝန်ထမ်းရေးရာ၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန်နှင့် အမျိုးသား ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေး အပြီးသတ် စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန၊ နီလာအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 28, 2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ လူငယ်၊ လူရွယ်များအနေဖြင့် စာပေကိုလေ့လာဖတ်ရှုမှုများ ပိုမို တိုးပွားလာစေရန်ရည်ရွယ်၍ အဆိုပါမြို့ရှိပင်လယ်ကမ်းခြေတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ရွေ့လျား စာကြည့်တိုက် Mobile Library ကို ပထမအပတ်စဉ်အဖြစ် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး အပတ်စဉ် ပုံမှန်ပြု လုပ်သွားမည်ဖြစ်ကြောင်း “စာပီကမ်းခြီ” အဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
Jun 28, 2021
ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက် ပေးလျက်ရှိသည့်အပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေးဆိုင်ရာကုသမှုများ ဆောင်ရွက်ပေးနိုင်ရန် အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများ၌ ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက်ပေး လျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၅၉၅၇၅ ဦးနှင့် အတွင်းလူနာပေါင်း ၇၅၇၉၄ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။
