နေပြည်တော် ဇွန် ၂၄
နိုင်ငံတကာရေကြောင်းဆိုင်ရာ ကာကွယ်ရေးပြပွဲ (International Maritime Defence Show (IMDS-2021))ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ Saint Petersburg မြို့၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်တွင် လိုက်ပါလာသည့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်သည့် မြန်မာ့တပ်မတော်(ရေ)ကိုယ်စား လှယ်အဖွဲ့ ပါဝင် တက်ရောက် ကြသည်။
ဦးစွာ မြန်မာ့တပ်မတော်(ရေ) ကိုယ်စားလှယ်အဖွဲ့သည် အခြားဖိတ်ကြား ထားသည့် နိုင်ငံပေါင်း ၂၈ နိုင်ငံမှ တပ်မတော်(ရေ) ကိုယ်စားလှယ်များနှင့် 3002 (International Maritime DefenceShow (IMDS-2021)) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်သည် ရုရှားရေတပ်ဦးစီးချုပ် Admiral Nikolai Yevmenovနှင့်တွေ့၍ နှစ်နိုင်ငံရေကြောင်း ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရေကြောင်းလုံခြုံရေးဆိုင်ရာနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြ သည်။
ယင်းနောက် မြန်မာ့တပ်မတော်(ရေ) ကိုယ်စားလှယ်အဖွဲ့သည် JSC Almaz Antey ပြခန်းအတွင်း ခင်းကျင်းပြသထားသည့် ကာကွယ်ရေးပစ္စည်းများကို လှည့်လည်ကြည့်ရှုလေ့လာ ခဲ့ကြကြောင်းသတင်းရရှိသည်။
သတင်းစဉ်