စဉ့်ကိုင် ဇွန် ၂၄
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် သမဝါယမ အသင်းစု၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင် ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို ဇွန် ၁၇ ရက်က မြို့နယ်သမဝါယမအသင်းစု အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီးဖွဲ့စည်း ရေးကော်မတီ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဆွေနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးချန်ထွန်းနှင့် အမှုဆောင်ဒါရိုက်တာ အဖွဲ့ဝင်များ၊ အခြေခံသမဝါယမ အသင်းများမှ အသင်းဝင်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရ သည်။
သတင်းစဉ်