Skip to main content

သာယာဝတီ ဗဟိုအကျဉ်းထောင်နှင့် ဒိုက်ဦးဗဟိုအကျဉ်းထောင်တို့အား ကြည့်ရှု့စစ်ဆေး

နေပြည်တော် ဇွန် ၂၄

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှအဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင် တို့သည် ဇွန် ၁၆ ရက်တွင် သာယာဝတီ ဗဟိုအကျဉ်းထောင်ကိုလည်းကောင်း၊ အဖွဲ့ဝင် ဦးကျော်စိုး၊ ဦးတင်အောင်နှင့် ဦးကျော်မြင့်တို့သည် ဇွန် ၂၄ ရက်တွင် ဒိုက်ဦးဗဟိုအကျဉ်းထောင် ကို လည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ကြည့်ရှုစစ်ဆေးစဉ် ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းသား အကျဉ်းသူ၊ အချုပ်

သား/အချုပ်သူများကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့် အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု ရှိမရှိ၊ ထောင်ဝင်စာ တွေ့ဆုံရာတွင် အခက်အခဲများ ရှိ မရှိ ရသင့်ရထိုက်သော အသုံး အဆောင်ပစ္စည်းများရရှိခြင်း ရှိ မရှိနှင့် အကျဉ်းထောင်အတွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိတို့ကို မေးမြန်းမှတ်တမ်းတင်ခြင်း၊ တစ်ဦးချင်း တွေ့ဆုံလိုသူ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများ နှင့်တွေ့ဆုံကာ ယင်းတို့၏ တင်ပြချက်များကို မှတ်တမ်းတင်ခဲ့သည်။

ဗဟိုအကျဉ်းထောင်များကို ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား အကျဉ်းသူအချုပ်သား/အချုပ်သူ များ၏ အိပ်ဆောင်များ၊ ဆေးရုံဆောင်၊ Quarantine ထားရှိသည့် အဆောင်များ၊ တိုက်ခန်းများ၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာစတို၊ သောက်ရေနှင့် သုံးရေကန်များ၊ မိလ္လာများ သန့်ရှင်းမှု ရှိ မရှိကို လည်းကောင်း လတ်တလော ဖြစ်ပွားလျက်ရှိသော ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း ကြည့်ရှု စစ်ဆေးခဲ့သည်။

ခရီးစဉ်များအတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ အကြံပြုပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်