Skip to main content

Nov 04, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ထိုင်ဝမ် (တရုတ် -တိုင်ပေ) ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား (၁၂၃)ဦး အပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း (၁၄၀)ကို ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ စီစဉ် သည့် China Airlines ကုန်တင်လေယာဉ်ဖြင့်ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ နံနက် ၉ နာရီခွဲ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 04, 2020

(၃-၁၁-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲ အတည်ပြုလူနာ (၁,၁၉၇) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေအနေ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 04, 2020

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် မြစ်ကြီးနား မြို့နယ်အတွင်းရှိ နန့်ခမ်း၊ မလိခ၊ ပြည်ထောင်၊ နန်းကွေ့ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 04, 2020

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ၊ မဲရုံ တာဝန် ကျ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် ဖြန့်ဝေပေးမည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသောပစ္စည်းများ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့သို့ ယနေ့တွင် အထူးလေယာဉ်များဖြင့် ဆက်လက် ရောက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 04, 2020

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများအနေဖြင့် အောက်တိုဘာ ၂၉ ရက်မှစတင်၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း စဉ်များနှင့်အညီ မဲရုံများသို့ လာရောက်၍ ကြိုတင်ဆန္ဒမဲများ ပေးလျက် ရှိကြသည်။ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင်အတွင်းရှိ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ဥတ္တရခရိုင်အတွင်းရှိ ဇေယျာသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ပုပ္ဗသီရိ မြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့တွင်လည်း ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများသည် သက်ဆိုင် ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် မဲရုံများသို့လာရောက်၍ လျှို့ဝှက် ဆန္ဒပြု မဲပေးလျက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 04, 2020

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးလုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုကော် မတီအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီးရုံး၌ ကော်မတီဥက္ကဋ္ဌ ပြည်ထဲရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်၍ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 04, 2020

မြကျွန်းညိုညို ကွန်းခိုရာ ဤတက္ကသိုလ်မြေမှာ ကံ့ကော် တို့ဝေမြဲ၊ စိန်ပန်းတို့ဝေဆဲ၊ ငုဝါ၊ ပိတောက်တို့ ပွင့်မြဲ ပွင့်ဆဲပင် ဖြစ်သည်။ နှစ်လကြာညောင်း အချိန်တွေ အလီလီပြောင်းသော်လည်း အတိတ်နယ်က အရိပ်တို့ သည် နုပျိုဆဲ၊ လတ်ဆတ်ဆဲဖြစ်သည်။ တွေးမိတိုင်း လွမ်းတ၊ မျှော်မိတိုင်း မှန်းဆနေရပေသည်။

ဆက်လက်ဖတ်ရှုရန်

Nov 04, 2020

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နိုဝင်ဘာ ၃ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန် အတွက် ပြန်လည် ဖော်ပြ လိုက်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Nov 04, 2020

ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုနှင့် တစ်ချိန်တည်းတွင် အခြားသဘာဝဘေး အမျိုးမျိုး တို့ကို လည်း ရင်ဆိုင်ကြုံတွေ့နေရသည်ကိုတွေ့ရသည်။ ရာသီဥတုပြောင်းလဲမှုကြောင့် နိုင်ငံအချို့တွင် မိုးခေါင်၊ ရေကြီး၊ မုန်တိုင်း၊ မြေပြို၊ စသည့်သဘာဝဘေးများ ကပ်ရောဂါနှင့် အတူ တစ်မျိုးမဟုတ်တစ်မျိုးဖြစ်နေရာ ပြည်သူ များ မည်မျှဒုက္ခဆင်းရဲရောက်ကြ ရသည်ကို ခန့်မှန်းကြည့်နိုင်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 04, 2020

အနုပါဒေါ၊ အနုပဃာတော။ သူတစ်ပါးကို မကဲ့ရဲ့ အပြစ်မတင်ရာ၊ သတ်ပုတ် မညှဉ်းဆဲ ရာ။ (ဓမ္မပဒ ဗုဒ္ဓဝဂ်)။ ပုထုဇဉ်လူသားတို့သဘာဝအမှားအယွင်းမကင်းကြ၊ လူတို့၏ ရင့်ကျက်မှုနှင့် ပညာပါရမီပေါ်မူတည်၍ ချို့က အပြစ်ကို ဖန်တလဲလဲရင်း အပြစ်နွံထဲက လွတ်ကင်းနိုင်ဘဲ နောင်တတစ်ဖန်ပူပင်ခြင်းများဖြင့် အကျိုးမဲ့စွာ နေ၏။ အချို့က မိမိအပြစ်မှ လွတ်ကင်းရေးကို အားထုတ်၏။ အချို့က အခြားသူ တစ်ပါးကို အပြစ်ရှာရင်း မိမိ အတွက် အမြတ်ထုတ်ရန် ကြိုးစာ၏။ အချို့က အမှားအယွင်းကို လက်ခံကာ မိမိ၏အပြစ်ကိုဝန်ခံ၏။ ထို့နောက် အမှားအယွင်း၏ ရင်းမြစ်ကိုသိအောင်ကြိုးစားကာ အမှားကို ပြင်ဆင်ရန် ကြိုးစာ၏။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2020

၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထား ခြင်းကြောင့် ပြည်ပ၌ အခက် အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များအား မြန်မာသံရုံး၊ ဆိုးလ်မြို့မှ စီစဉ်သည့် (၂၉) ကြိမ်မြောက် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ် ဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ဆင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ (၂၀ ၀၀) နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြပါ သည်။ အဆိုပါ ကယ်ဆယ်ရေး လေယာဉ်တွင် တောင်အာဖရိကမှ (၂) ဦး၊ ကနေဒါမှ (၂) ဦး၊ ဘရာဇီးလ်မှ (၃) ဦး၊ ဗြိတိန်မှ (၃)ဦး၊ အင်ဒိုနီးရှားမှ (၂) ဦး၊ အမေရိကန် ပြည်ထောင်စုမှ (၁၀) ဦး နှင့် ကိုရီးယားသမ္မတနိုင်ငံမှ (၈၁) ဦး၊ မြန်မာ နိုင်ငံသား စုစုပေါင်း (၁၀၃) ဦး လိုက်ပါခဲ့ကြပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2020

(၂-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၃,၆၄၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ်(၁,၁၉၇)ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2020

၁။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသက် ၆၀ နှစ် နှင့်အထက် အသက်အရွယ်ရှိ မဲဆန္ဒရှင်များထံမှ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများသည် သတ်မှတ်ချက်များနှင့် အညီ ကြိုတင်ဆန္ဒမဲများ ရယူလျက် ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2020

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို စက်တင်ဘာ ၂၉ ရက်မှ စ၍ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီခွဲ မှ ည ၇ နာရီအထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2020

Coronavirus Disease 2019 (Covid-19) ကာကွယ်ရေးတွင် အသုံးပြုရန်အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ထံသို့ ထိုင်းနိုင်ငံအောက်လွှတ်တော်ဥက္ကဋ္ဌ Mr. Chuan Leekpai က ဧပြီ ၂၄ ရက်တွင် နှာခေါင်းစည်း(Mask) (၂၀၀၀)ကိုလည်းကောင်း၊ ထိုင်းနိုင်ငံ၊ အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Suchart Tonjaroen က ဇွန် ၂၆ ရက်တွင် နှာခေါင်းစည်း(Mask) (၆၀၀၀၀)နှင့် အောက်တိုဘာ ၂၉ ရက်တွင် နှာခေါင်းစည်း(Mask) (၃၀၀၀၀၀) တို့ကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ကိုယ်စား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမျိုးမြင့်သန်းက လက်ခံရယူခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2020

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အခမဲ့ဖျားနာရောဂါကုသရေးဆေးခန်း (Fever Clinic) အသစ်ကို ယနေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်၊ ၆၂ လမ်း၊ ၃၃ လမ်းနဲ့ ၃၄ လမ်းကြားရှိ ဗြဟ္မစိုရ်လူမှု ကူညီရေးအသင်း ( မန္တလေး ) ဝင်းအတွင်း ဖွင့်လှစ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2020

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၃ ရက် နံနက်ပိုင်းက မှော်ဘီနှင့် ထန်းတပင်မြို့နယ်များရှိ ဓာတ်အားခွဲရုံများအား  ဖွင့်လှစ်ပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2020

မွန်ပြည်နယ်၊ ကျိုက်မ​ရောမြို့နယ်ရှိ အတ္ထရံမြစ်ကူးတံတား(စံပယ်ဂူ)ဖွင့်ပွဲ အခမ်းအနားကို ယ​နေ့နံနက် ၇နာရီက အဆိုပါတံတား​ပေါ် ရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2020

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ကချင်ပြည်နယ် တာဝန်ခံတို့သည် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းကိစ္စရပ်များနှင့် ပတ်သက်၍ ယမန်နေ့ နံနက် ၉ နာရီတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး၊ မလိခခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်