Skip to main content

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပ

 

နေပြည်တော် ဇွန် ၂၅

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ၂၀၂၁ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုး ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး၊ ရုံးပတ်ဝန်းကျင်၌ ကျင်းပရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် ခုံရုံးအဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြ သည်။

မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ခရေပင်နှင့် ကုက္ကိုပင်များကို စိုက်ပျိုးခဲ့ကြပြီး ဝန်ထမ်းများ၏ သစ်ပင်စိုက်ပျိုးနေမှုကို  လှည့်လည်ကြည့်ရှု အားပေးကြသည်။

ယခုနှစ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ၌ လမ်းဘေးဝဲယာများတွင် အမြဲတမ်း စိမ်းလန်းစို ပြေစေရေးအတွက် အရိပ်ရအပင်များဖြစ်ကြသော  ကုက္ကို၊ ကံ့ကော်၊ စကားဝါ၊ သင်းဝင်၊ ပုန်းညက်၊ ပိတောက်၊ ခရေ၊ စိန်ပန်းဝါ၊  မဟော်ဂနီနှင့်  ငုဝါစသည့် အပင် ပေါင်း ၃၁၀ ကို စိုက်ပျိုးခဲ့ကြောင်းသိရသည်။

 

(သတင်းစဉ်)