Skip to main content

ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦး ရခိုင်ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြည့်ရှုအားပေး

စစ်တွေ ဇွန် ၂၆

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော ရာနှုန်းပြည့်မြန်မာ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဖြစ်သည့်  Inn Pauk Wa Co., Ltd ၏ ဟိုတယ်တည်ဆောက်ရေး လုပ်ငန်းနေရာသို့ သွားရောက်ကြည့်ရှုအားပေးသည်။

ထိုသို့ကြည့်ရှုစဉ် ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စရပ်တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က လိုအပ် သည များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စစ်တွေမြို့နယ်အတွင်းရှိ ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် BXT International Co., Ltd က ဆောင်ရွက်လျက်ရှိသော မြေဖို့မြေ ယာဖော်ထုတ်ခြင်း လုပ်ငန်း‌ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုအားပေးရာ ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုနှင့် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။  

(သတင်းစဉ်)