Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ MRTV က တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းလာမှုများကို ပြန်လည်ဖြေကြားခြင်း

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်မှူး ကောင်းထက်စံက MRTV မှ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းလာမှုများကို အောက်ပါအတိုင်း ရှင်းလင်းဖြေကြားခဲ့ပါသည်။

 

မေး ။ ။ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ကလေးမြို့နယ်အတွင်း လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က တူမီးလက်နက်တွေနဲ့ မိသားစုတစ်စုကို ရက်စက်စွာ သတ်ဖြတ်သွားတဲ့ ရုပ်သံဖိုင်တစ်ခု တွေ့ရှိရပါတယ်၊ ဒီရုပ်သံဖိုင်နဲ့ပတ်သက်တဲ့ ဖြစ်စဉ်မှန်ကို သိချင် ပါတယ်။

 

 ဖြေ ။ ။ ဇွန်လ ၁၉ ရက် ည ၉ နာရီ ၁၅ မိနစ်ခန့်မှာ စစ်ကိုင်း တိုင်းဒေသကြီး၊ ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်၊ တောင်ကျောင်းလမ်းမှာနေတဲ့ ဦးဝင်းဇော်ဦးရဲ့ နေအိမ်ကို ဆူပူ အကြမ်းဖက် လက်နက်ကိုင်သောင်းကျန်း သူများက သေနတ်များဖြင့် လာရောက်ပစ်ခတ်သွားတာရှိပါတယ်။ ဇွန်လ ၂၀ ရက်နေ့မှာလည်း ဒီသတင်းကို ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ပစ်ခတ်မှုကြောင့် ဦးဝင်းဇော်ဦးဟာ ၎င်းရဲ့ နေအိမ်ရှေ့ လမ်းဘေးမှာ ဝဲဘက်ရင်အုံ ကျည်ထိမှန်ဒဏ်ရာ ၁ ချက်နဲ့ သေဆုံးခဲ့ပါတယ်။ ဦးဝင်းဇော်ဦးရဲ့ ဇနီး ဒေါ်စန်းစန်းမော်၊ သား ကိုသီဟအောင်၊ သမက် ကိုဇော်ဇော်တို့ ကတော့ မျက်နှာ၊ နောက်ကျော၊ ရင်အုံတို့မှာ ကျည်ထိမှန်ဒဏ်ရာများနဲ့ နေအိမ်အတွင်းမှာပဲ သေဆုံးနေပြီး သမီး မစန်းရွှေဦးကတော့ ဝမ်းဗိုက် ကျည်ထိမှန်၊ ယာမျက်ခုံး ဖူးရောင်ဒဏ်ရာများရရှိတာ ဖြစ်ပါတယ်။ သူ့ကိုတော့ ဆေးဝါးကုသနိုင်ဖို့ တပ်မတော်ဆေးရုံသို့ ပို့ဆောင် ထားတာရှိပါတယ်။ Online မှာ ပျံ့နေတဲ့ ယောက်ကျားဝတ်စုံတွေ ဝတ်ပြီး သေနတ်တွေနဲ့ ရက်ရက်စက်စက် ကန်ကျောက်ပစ်ခတ် သတ်ဖြတ်သွားတဲ့ Movieကိုတော့ဒေသခံတွေနဲ့ မေးမြန်းစိစစ်လိုက်တဲ့ အခါမှာ ကလေးမြို့ ညောင်ပင်သာရပ်ကွက်ဖြစ်စဉ် မှန်ကန်ကြောင်း သိရပါတယ်။

 

အခုလို အပြစ်မဲ့မိသားစုကို လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ရပ်ကွက်နေပြည် သူတွေအတွက် အလွန် အမင်း အံ့သြတုန်လှုပ် ခြောက်ခြားစရာဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။ တရားခံတွေ အမြန်ဆုံးဖမ်းဆီးရမိရေး သက်ဆိုင်ရာတာဝန်ရှိသူများ အနေနဲ့ ပြည်သူနဲ့ပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက် လျက်ရှိပါတယ်။

 

မေး ။ ။ မင်းကင်းမြို့နယ်မှာ ဇွန်လ ၂၄ ရက် နံနက်ပိုင်းက တပ်မတော်နဲ့ PDF တို့ ပစ်ခတ်မှုမှာ တပ်မတော်က ( ၁၅ ဦးကျဆုံးပြီး PDF ဘက်က ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရဆိုပြီးတော့ Khit Thit Media ကနေ ရေးသားထားတာတွေ့ရပါတယ်။ ဒီသတင်း ၊  ဟုတ်/မဟုတ် သိချင်ပါတယ်။

 

ဖြေ ။ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်အတွင်း ဇွန်လ ၂၄ ရက်နေ့မှာ လုံခြုံရေးပူးပေါင်းအဖွဲ့များ နယ်မြေ တည်ငြိမ်လုံခြုံရေး ဆောင်ရွက်ဖို့အတွက် ပန်းဆက်ကျေးရွာမှ အင်ပင်လှကျေးရွာသို့အသွား မွန်းတည့် ၁၂ နာရီမထိုးခင် သံပေါက် ကျေးရွာရဲ့ မြောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာကို ရောက်ရှိတဲ့အခါ  အကြမ်းဖက်လက်နက်ကိုင် ၃၅ ဦးခန့်က တူမီးသေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်လက်နက်ကိုင်တွေမြောက်ဘက်ကို ထွက်ပြေးသွားပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာ  ရရှိမှုမရှိဘဲ အကြမ်းဖက်လက်နက်ကိုင်တွေဘက်က ၄ ဦး သေဆုံးခဲ့ပြီး တော့ တူမီးသေနတ် ၉ လက်၊ လက်လုပ်မိုင်း ၂ လုံး၊ တူမီးသေနတ် ပြုလုပ်ရာမှာ အသုံးပြုတဲ့ သစ်သားဒင် ၃ ခု၊ သံပိုက်လုံး ၄ ချောင်း၊ ယမ်းမှုန့် ၅၀ ကျပ်သားခန့်နဲ့ ခဲသီး ၅၀ လုံးခန့်ကို သိမ်းဆည်းရမိခဲ့ ပါတယ်။