Skip to main content

အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဇွန် ၂၅

အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ (NREC) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ ဒုတိယဥက္ကဋ္ဌ  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါတ်တာသီတာဦးနှင့် ကော်မတီအဖွဲ့ဝင်များ  တက်ရောက်ကြသည်။

ရှေးဦးစွာ အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက နိုင်ငံတော်၏ လျှပ်စစ်နှင့် စွမ်းအင်လိုအပ်ချက်ကို ပြည့်မီစွာဖြည့်ဆည်းပေး နိုင်ရေးဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်း ကျင်နှင့်သဟဇာတဖြစ်ပြီး၊ လူမှုပတ်ဝန်းကျင်အပေါ် ထိခိုက်မှုနည်းပါးသည့် ပြန်ပြည့်မြဲစွမ်း အင် (Renewable Energy) ကို တိုးမြှင့်အသုံးပြုနိုင်ရေးသည်လည်း အရေးပါသည့်အခန်း ကဏ္ဍတစ်ခုဖြစ်ပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကလည်း ရေအားလျှပ်စစ်နှင့် ပြန်ပြည့်မြဲစွမ်း အင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ဦးစားပေးဆောင်ရွက်သွားရန် မူဝါဒများချမှတ် ပေးထားသဖြင့် ယခုကျင်းပပြုလုပ်သည့် NREC အစည်းအဝေးသည် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ တာဝန်ယူသည့်ကာလတွင် ပထမအကြိမ်ကျင်းပသည့် အစည်း အဝေးဖြစ်သည့် အတွက် ရှေ့ဆက်ဆောင်ရွက်နိုင်မည့် Meeting Outcomes များရရှိရေး သက်ဆိုင်ရာဝန်ကြီး ဌာန/ အဖွဲ့အစည်းများက ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် ပါဝင်ဆွေးနွေးအကြံပြုကြ ရန် မေတ္တာရပ်ခံလိုပါကြောင်း။

နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက် လျက်ရှိပြီး၊ ၂၀၂၁ ခုနှစ်၊ ဇွန် (၄) ရက်တွင် နိုင်ငံတော် ဓာတ်အားစနစ်၏ အမြင့်ဆုံးဝန်အား သုံးစွဲမှု (Peak Load) အနေဖြင့် ၃,၈၇၄ ဒသမ ၅၃ မဂ္ဂါဝပ်ရှိခဲ့ပြီး၊ ရေအားလျှပ်စစ်မှ ၁,၇၈၃ ဒသမ ၄၆ မဂ္ဂါဝပ်၊ အပူစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံများမှ ၂,၀၆၄ ဒသမ ၃ မဂ္ဂါဝပ်နှင့် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံမှ ၂၆ ဒသမ ၇၇ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်ခဲ့ပါ ကြောင်း။ လက်ရှိဓာတ်အားစနစ်တွင် ဓာတ်အားထုတ်လုပ်မှုအရင်းအမြစ် အချိုးအစား (Generation Mix) အနေဖြင့် ရေအား (Hydropower) မှ ၄၇ ဒသမ ၀ ရာခိုင်နှုန်း၊ နေရောင် ခြည်စွမ်းအင် (Solar and RE) ဖြင့် ၀ ဒသမ ၆ ရာခိုင်နှုန်း ၊ အပူစွမ်းအင် (Gas+ LNG+ Coal) မှ ၅၂ ဒသမ ၄ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ လက်ရှိအချိန်အထိ လျှပ်စစ်ဓာတ်အားရရှိမှုအချိုး (Electrification Ratio)   ၆၀ ဒသမ ၆ ရာခိုင်နှုန်းကျော် ရရှိသုံးစွဲနေကြပြီဖြစ်ပါကြောင်း။

 NREC ကော်မတီ၏ ကြိုးပမ်းဆောင်ရွက်မှုများသည် လျှပ်စစ်ကဏ္ဍတွင် ပြန်ပြည့်မြဲ စွမ်းအင်မှ ဓာတ်အားတိုးတက်ထုတ်လုပ်နိုင်ရေးနှင့် Green Growth, Green Energy, Green Economy ဖြစ်စေရေးတွင် တတ်စွမ်းသမျှ ပါဝင် ဆောင်ရွက်ခွင့်ရရှိနေခြင်းလည်းဖြစ်ပါ ကြောင်း၊ Renewable Energy နှင့်စပ်လျဉ်း၍ ASEAN တွင်လည်း သတ်မှတ်ချက်များရှိနေပြီး၊ ဒေသတွင်း Total Primary Energy Supply (TPES) တွင် RE ကဏ္ဍအနေဖြင့် ၂၀၂၅ ခုနှစ်မှာ ၂၃ ရာခိုင်နှုန်း အထိ ပါဝင်ရန်နှင့် ASEAN ၏ လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုတွင် RE ကဏ္ဍအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ၃၅ ရာခိုင်နှုန်း  အထိပါဝင်နိုင်ရေး ရည်မှန်းအကောင် အထည် ဖော်ဆောင်ရွက်သွားကြရန်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ NREC ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများနှင့် အစည်းအဝေး တက်ရောက်လာသူများက မိမိတို့ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပြီး အမျိုးသားအဆင့်ပြန်ပြည့်မြဲ စွမ်းအင်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)