နေပြည်တော် ဇွန် ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၌ ရန်ကုန်တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌများကို တွေ့ဆုံ အမှာစကားပြောကြားသည်။
တွေ့ဆုံပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ရန်ကုန်တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး၊ ကာကွယ်ရေး ဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်တိုင်းဒေသကြီးစီမံအုပ် ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးနှင့်အဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း အုပ်ချုပ်ရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်အလိုက် လုံခြုံရေးဆောင်ရွက်နေမှုများကို တင်ပြကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ မူဝါဒနှင့်လမ်းညွှန်မှာကြားချက်များကို အချိန်တိုကာလ အတွင်း လျင်မြန်စွာအကောင်ထည်ဖော်ဆောင်ရွက်နေရန်လိုအပ်ကြောင်း၊ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုများအပေါ် တာဝန်ရှိသူများကိုယ်တိုင် သိရှိနားလည်ပြီး မိမိ၏လက်အောက်ရှိ အရာထမ်း၊ အမှုထမ်းများကိုလည်းသိရှိစေရန် ရှင်းလင်းပြောကြားရန်လိုကြောင်း ပြောကြား သည်။
ဆက်လက်၍ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှုရှိစေရေးတို့ အတွက် တပ်မတော်၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ သာမက ပြည်သူလူထုပါ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည့်အခြေအနေများ၊ အကြမ်းဖက်မှုများ မဖြစ်ပွားစေရေး ဥပဒေ ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများနှင့်ပတ်သက်၍ ပညာပေးဆောင်ရွက်ရန်လိုအပ်သည့် အခြေ အနေများ၊ တရားဥပဒေစိုးမိုးမှုရရှိစေရေးအတွက် ဥပဒေနှင့်အညီ စစ်ဆေး၊ ဖော်ထုတ်ဖမ်းဆီးမှု များဆောင်ရွက်၍ ကျူးလွန်ဖောက်ဖျက်သူများကို ထိထိရောက်ရောက်မြန်မြန်ဆန်ဆန် အရေးယူ ရန်လိုအပ်သည့်အခြေ အနေများ၊ဌာနဆိုင်ရာအဖွဲ့အစည်းများအလိုက် မူလပေးအပ်ထားသည့် တာဝန်များအပေါ်သစ္စာရှိရှိမှန်ကန်စွာ ထမ်းဆောင်ရန်လိုအပ်သည့်အခြေ အနေများ၊ မှန်ကန်သည့် ရွေးကောက်ပွဲတစ်ခုဖြစ်ပေါ်လာစေရေးအတွက် မြန်မာနိုင်ငံသားများအားလုံး လူတစ်ဦးချင်းစီနိုင်ငံသားစိစစ်ရေး ကတ်ပြားရှိစေရေးသည် အဓိက ကျသဖြင့် နိုင်ငံသား စိစစ်ရေး ကတ်မရှိသူများအတွက်ဆောင်ရွက်ပေး လျက်ရှိသော ပန်းခင်းစီမံချက်အား အောင်မြင်ပြီးမြောက် စေရေး ဝိုင်းဝန်းဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးနှင့် ပတ်သက်၍ ပတ်ဝန်းကျင်နိုင်ငံများတွင် ကူးစက်မှုနှုန်းမြင့်မားလျက် ရှိခြင်း ကြောင့် စစ်ဆေးမှုများ၊ သီးသန့် စောင့်ကြပ်ကြည့်ရှုမှုများကို သတ်မှတ်ထားသည့်အတိုင်း တိတိ ကျကျလိုက်နာဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေများ၊ လူတစ်ဦးချင်းစီ၏ ကိုဗစ်-၁၉ အတွက် မိမိကိုယ်ကိုမိမိ ကြိုတင်ကာကွယ်ခြင်း သည် အဓိက အချက် ဖြစ်သဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ၊ လူတိုင်း တစ်ဦးချင်း လိုက်နာရမည့် အချက်များကို ကျယ်ကျယ်ပြန့်ပြန့်နှင့်ပညာပေး ဆောင်ရွက်သွားရန်လို အပ်သည့် အခြေအနေများ၊ သီးခြားစောင့်ကြပ်ကြည့်ရှုမည့်နေရာများ ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိရာ တာဝန်ရှိသည့် အဖွဲ့အစည်းများအနေဖြင့်လည်း လိုအပ်မှုများဖြည့်ဆည်း ဆောင်ရွက်ပေးရန်လိုအပ်မည့် အခြေ အနေများ ကို အသေးစိတ်ရှင်းလင်းမှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များသည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံတပ်နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီးနှင့် တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀) များသို့ သွားရောက်ပြီး ဆေးရုံတက် ရောက်ကုသ လျက်ရှိ သော အရာရှိ၊စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များကို တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံ တွေ့ဆုံအားပေးကာ ဆေးဝါးကုသမှုများကို မေးမြန်း၍ စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ ကြောင်းသတင်းရရှိသည်။
(သတင်းစဉ်)