Skip to main content

ဝန်ထမ်းကောင်းဟူသည်

 
မမဝန်ထမ်း
 
"နိုင်ငံ့ဝန်ထမ်း" ဟူသည် ပြည်သူကို အလုပ်အကျွေး ပြုသူ၊ ပြည်သူကို ဝန်ဆောင်မှုပေးနေကြသူများဖြစ် ပါသည်။ နိုင်ငံ့ဝန်ထမ်းတစ်ဦးဖြစ်လာသည်နှင့် ထမ်းဆောင်ရမည့်တာဝန်များ၊ စောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ လိုက်နာရမည့်စည်းကမ်းများစွာ ရှိပါသည်။ မိမိတို့နိုင်ငံတွင် မိသားစုဘဝသာယာ လှပရေး၊ အများနှင့်တန်း တူနေထိုင်နိုင်ရေး၊ မိသားစု အတွင်း ချစ်ခင်ကြင်နာမှုရှိစေရေးကို အိမ်ထောင် ဦးစီးဖြစ်သူ ဖခင် သို့မဟုတ် မိခင်က မိသားစု စည်းကမ်းများချမှတ်ကာ စီမံထိန်းကျောင်းလေ့ရှိ ပါသည်။ စည်းကမ်းမရှိလျှင် "အကွပ်မရှိသည့်ကြမ်း ပရမ်းပတာ" ဟူသော ဆိုရိုးအတိုင်းမဖြစ်ရလေ အောင် ထိန်းခဲ့ကြရသည်မှာ၊ လိုက်နာကျင့်သုံးခဲ့ကြ သည်မှာ ယနေ့တိုင်ဖြစ်ပါသည်။ အိမ်တစ်အိမ်တွင် အိမ်၏စည်းကမ်းကို မိသားစုဝင်များက လိုက်နာ ကြသကဲ့သို့ နိုင်ငံတော်နှင့် လုပ်ငန်းအဖွဲ့ အစည်း တိုင်းတွင်လည်း မိမိတို့အဖွဲ့ အစည်းအတွင်းရှိ ဝန်ထမ်းများလိုက်နာ ရန်အတွက် သင့်လျော်သည့် စည်းမျဉ်း၊ စည်းကမ်းများကို သတ်မှတ်ထားကြပါ သည်။
 
တာဝန်ကျေပွန်ရန်အဓိက
 
နိုင်ငံတစ်နိုင်ငံသည် ကမ္ဘာ့အလယ်တွင် ဂုဏ် သိက္ခာရှိစွာ ရပ်တည်နိုင်ရေးသည် ထိုနိုင်ငံတွင် မှီတင်းနေထိုင်ကြ သော နိုင်ငံသားများ၏ အမူ အကျင့်၊ စိတ်ဓာတ်၊ စည်းကမ်းအပေါ် များစွာတည်မှီ နေပါသည်။ မိမိတို့နိုင်ငံ့ဝန်ထမ်း များသည် နိုင်ငံတော်၏ယန္တရားကို ကောင်းစွာသက်ဝင် လှုပ်ရှားစေရန် အဓိကမောင်းနှင်အားများ ဖြစ်ကြ သည့်အတွက် နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်သူ အစိုးရများ မည်သို့ပင်ပြောင်းလဲမှုရှိစေကာမူ မိမိတို့ ၏လုပ်ငန်းတာဝန်ကို ကျေပွန်ကြရန်သာ အဓိက ဖြစ်ပါသည်။ မည်သူတို့၏ သွေးထိုးလှုံ့ဆော်မှုကိုမျှ နားယောင်၍ ထင်ရာစိုင်းခြင်း မပြုသင့်ပါ။
 
ထို့ကြောင့် မိမိတို့၏လုပ်ငန်းတာဝန်များထမ်း ဆောင်ရာတွင် တွေ့ကြုံရင်ဆိုင်ရသည့် အခက်အခဲ များ၊ မိမိတို့နိုင်ငံ၊ မိမိတို့အဖွဲ့ အစည်း၏ရည်မှန်းချက် များကို ပျက်ပြားစေမည့်ဆူးငြောင့် ခလုတ်များတွေ့ ရှိလာပါကလည်း မိမိတို့၏ စဉ်းစားဆင်ခြင်နိုင်စွမ်း ကို အသုံးပြု၍ အမှန်နှင့်အမှား၊ အကောင်း၊ အဆိုး ကို မှန်ကန်စွာ ခွဲခြားစိစစ်ပြီး ဖယ်ရှားနိုင်ရန်မှာ လွန်စွာအရေးကြီးပါသည်။ မိမိတို့နိုင်ငံ၏ရည်မှန်း ချက်ပန်းတိုင်သို့ ချောမွေ့ လျင်မြန်စွာ ရောက်ရှိနိုင် ရေးမှာ နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်သူတစ်ရပ် လုံးက ညီညီညွတ်ညွတ်နှင့် စုပေါင်းပါဝင်အားထုတ် ကြိုးပမ်းမှုပြုကြရန်လည်း များစွာလိုအပ်နေပါသည်။
 
ပါတီနိုင်ငံရေးကင်းရှင်း
 
နိုင်ငံ့ဝန်ထမ်းများနှင့်ပတ်သက်၍ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)၊ ပုဒ်မ၂၆ (က) တွင် ဝန်ထမ်းသည် ပါတီ နိုင်ငံရေးနှင့် ကင်းရှင်းရမည်ဟုပါရှိပါသည်။ နိုင်ငံရေး လုပ်လိုပါက ဝန်ထမ်းလောကကို ကျောခိုင်း နုတ်ထွက်ပြီး နိုင်ငံရေးပြုလုပ်ခွင့်ရှိပါသည်။ ပါတီ ထူထောင်ခွင့်ရှိပါသည်။ သို့သော် ယနေ့မိမိတို့နိုင်ငံ တွင် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေ ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်လာစေရန် လှုံ့ဆော်ခြင်း၊ ၎င်း တို့ကိုယ်တိုင် CDM လှုပ်ရှားမှုတွင်ပါဝင်ခြင်း၊ CDM လှုပ်ရှားမှုကို ထောက်ခံအားပေးခြင်းများကြောင့် အချို့သော နိုင်ငံ့ဝန်ထမ်းများသည် ဆင်ခြင်တုံ တရားကင်းမဲ့စွာဖြင့်မိမိတို့CDM (Civil Disobedience Movement) ပြုလုပ်နေ၍ရုံးမတက်တော့ပါကြောင်း၊ ထိုသို့ CDM ပြုလုပ်ခြင်းသည် အလုပ်မှနုတ်ထွက် ခြင်းမဟုတ်ပါကြောင်း စသည်ဖြင့် ပြောင်ပြောင် တင်းတင်း ကြေညာကာ ရုံးမတက်နဲ့၊ ရုန်းထွက်ဟုဆို သော အဖျက်သမားများ၏ သွေးထိုးလှုံ့ဆော်မှုအပေါ် အမှန်/ အမှား ဝေဖန်ပိုင်းခြားနိုင်စွမ်းများ ကွယ် ပျောက်၍ နိုင်ငံတော်၏ကျေးဇူးသစ္စာကို ဖောက်ဖျက် လျက်ရှိနေကြပါသည်။
 
လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်
 
ထိုကဲ့သို့ဖြစ်စဉ်၊ ဖြစ်ရပ်များကြောင့် နိုင်ငံတော်တွင် လူသားအရင်းအမြစ် များစွာဆုံးရှုံးခဲ့ရပါသည်။ နိုင်ငံတော်အကြီး အကဲများက သဘောထားကြီးစွာ ဖြင့် အမှားကိုမြင်၊ အမှန်ပြင်လိုစိတ်ရှိသောဝန်ထမ်း များကို လုပ်ငန်းခွင်သို့ အမြန်ဆုံးပြန်လည်ဝင်ရောက် ကြရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသ အသီးသီးသို့ရောက် ရှိနေကြသည့် မြန်မာနိုင်ငံသား များအား ပြန်လည်ဖိတ်ခေါ်ခြင်းများ ပြုနေသည့် အတွက် CDM ပြုလုပ်နေကြသည့်ဝန်ထမ်းများ အနေဖြင့် နိုင်ငံတော်၏အကျိုးကို အမှန်တကယ် သယ်ပိုးလိုပါက မိမိတို့လုပ်ငန်းခွင်သို့ပြန်လည်ဝင် ရောက်ကြစေလိုပါသည်။ အမှားကိုမြင်၊ လမ်းမှန်ကို ရွေး၍ လျှောက်ကြစေ လိုပါသည်။
 
CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့မှုကြောင့် အရေးယူခံရ သည့်နိုင်ငံ့ဝန်ထမ်းအချို့ သည်ဆူပူအကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်မှုမရှိခဲ့ခြင်းနှင့် သွေးထိုးလှုံ့ဆော်မှု အမျိုးမျိုးကြောင့်သော် လည်းကောင်း၊ စိတ်လှုပ်ရှား လွယ်မှုကိုအသုံးချခံရခြင်းကြောင့်သော်လည်းကောင်း၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှ ဖိအားပေးခြိမ်းခြောက် အကျပ်ကိုင်ခံရခြင်းကြောင့်သော် လည်းကောင်း၊ လူ့ဂုဏ်သိက္ခာထိခိုက်စေမည့် Social Punishment ပြုလုပ်ခံရမည်ကို စိုးရိမ်ခြင်းကြောင့်သော် လည်း ကောင်း CDM လှုပ်ရှားမှု ပြုလုပ်ခဲ့မိသော်လည်း နိုင်ငံ့ဝန်ထမ်းအဖြစ် ပြန်လည်တာဝန်ထမ်းဆောင် လိုကြောင်း တင်ပြလာပါက ရာဇဝတ်ကြောင်းအရ တရားစွဲဆို အရေးယူထားမှုများ အပေါ်ပြန်လည် ရုပ်သိမ်းပေးမည့် အခြေခံအချက်များကို CDM ပြုလုပ် နေသောဝန်ထမ်းများ သိရှိနိုင်ရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းပြန်ကြားရေးအဖွဲ့က နိုင်ငံပိုင်သတင်းစာများတွင် ၂၇-၄-၂၀၂၁ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာပေးလျက်ရှိပါသည်။
 
လိုက်နာရန်တာဝန်ရှိ
 
ထို့အပြင် နိုင်ငံ့ဝန်ထမ်းများသည် ၂၀၁၃ ခုနှစ် မတ်လ၈ရက်နေ့တွင်ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် (၅) ဖြင့် ထုတ်ပြန်ခဲ့သော နိုင်ငံ့ဝန်ထမ်း ဥပဒေအခန်း(၄) ပုဒ်မ ၁၀ အရ အောက်ပါတို့ကို လိုက်နာရန်တာဝန်ရှိပါသည်-
(က) နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိ ရိုသေခြင်း၊
( ခ ) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေ များပါ ပြဋ္ဌာန်းချက်များကို လိုက်နာခြင်း၊
(ဂ)နိုင်ငံတော်နှင့် နိုင်ငံသားတို့၏အကျိုးစီးပွား ကို အလေးထား၍ ဆောင်ရွက်ခြင်း၊
(ဃ) နိုင်ငံတော်ပိုင်ပစ္စည်း၊ နိုင်ငံတော်ဘဏ္ဍာများ လေလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့် အလွဲ သုံးစားမှု မပြုရေးတို့အတွက် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊
( င ) မိမိအားပေးအပ်ထားသောတာဝန်နှင့်ဝတ္တရား များကို ကျေပွန်စွာထမ်းဆောင်ခြင်း၊
( စ) ဤဥပဒေအရပြုလုပ်သော နည်းဥပဒေ၊
စည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့် ၊ ညွှန်ကြားချက်များ၊ ဝန်ထမ်းအဖွဲ့ အစည်း အလိုက် သီးခြားသတ်မှတ်ထားသော လုပ်ငန်းခွင် စည်းကမ်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာခြင်း၊
(ဆ) ပါတီနိုင်ငံရေးကင်းရှင်းခြင်း၊
(ဇ) ရာထူးဝန်အဖွဲ့ က သတ်မှတ်ထားသော သင်တန်းများကို တက်ရောက်ခြင်း၊
( ဈ ) အကျင့်စာရိတ္တပျက်ပြားခြင်းနှင့်သိက္ခာမဲ့ စွာ ပြုမူနေထိုင်ခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊
(ည) တာဝန်အရအပ်နှင်းထားသည့် လုပ်ပိုင်ခွင့် ကိုအလွဲသုံးစားပြုခြင်းမှ ရှောင်ကြဉ်ခြင်း၊
( ဋ ) လာဘ်ပေး လာဘ်ယူပြုလုပ်ခြင်းမှရှောင်ကြဉ်ခြင်း၊
(ဌ) ပြည်သူကိုရိုသေလေးစားစွာဝန်ဆောင်မှု ပေးခြင်းစသည့်တာဝန် (၁၂) ရပ်ရှိပါသည်။
အထက်ပါတာဝန်များအပြင် နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ၁၁တွင်လည်းနိုင်ငံ့ဝန်ထမ်းများအား အောက်ပါ အခွင့်အရေးများကိုလည်း ခံစားခွင့် ပေးထားပါ သည်
(က) အလုပ်တည်မြဲခွင့်၊
( ခ) လုပ်ငန်းခွင် အာမခံချက်ရခွင့်၊
(ဂ) လုပ်အား၊ အတတ်ပညာ၊ တာဝန် ထမ်းဆောင်မှုနှင့် လျော်ညီသည့်လစာ၊ ထောက်ပံ့ကြေး၊ ခရီးစရိတ်နှင့် အခြား စရိတ်ခံစားခွင့်၊
(ဃ) ရာထူးတိုးမြှင့်ခွင့်၊
(c) ပညာလေ့လာဆည်းပူးခွင့်၊
( စ) ခွင့်ခံစားခွင့်၊
(ဆ) ထူးချွန်မှု၊ စွမ်းစွမ်းတမံကြိုးပမ်းဆောင် ရွက်မှုတို့အတွက်ချီးမြှင့်ခြင်းကို ခံစားခွင့်၊
(ဇ) ဆေးစစ်ခံယူမှုနှင့် ဆေးကုသမှုခံယူခွင့်၊
( ဈ ) အငြိမ်းစားယူခွင့်၊
(ည) တာဝန်ထမ်းဆောင်မှုကိုအကြောင်းပြု၍ ထိခိုက်ဒဏ်ရာရခြင်း၊ မသန်စွမ်းဖြစ်ခြင်း နှင့် သေဆုံးခြင်းတို့အတွက် အထူးပင်စင် ခံစားခွင့်၊
(ဋ) အမျိုးသမီးဝန်ထမ်းဖြစ်ပါက တူညီသော အလုပ်အတွက် အမျိုးသားဝန်ထမ်းများ နည်းတူ အကျိုးခံစားခွင့်အပြင် မီးဖွားခြင်းဆိုင်ရာ အကျိုးခံစားခွင့်၊
( ဌ ) ပါတီနိုင်ငံရေးနှင့် ကင်းရှင်းသောအသင်း အဖွဲ့များတွင် ပါဝင်ခွင့်၊
(ဍ) ဝန်ထမ်းရေးရာခံစားခွင့်၊ ဆုံးရှုံးနစ်နာမှု များနှင့်စပ်လျဉ်း၍တင်ပြခွင့်၊ ရှင်းလင်း
ထုချေခွင့်နှင့် အယူခံခွင့်၊
(ဎ) ရာထူးအနွယ်ပိုင်ဆိုင်ခွင့်၊
(ဏ) ကူးပြောင်းချိန်ခံစားခွင့်၊
(တ) ပြင်ပ ဝန်ထမ်းစည်းကမ်းချက်ဖြင့် လွှဲပြောင်းတာဝန်ထမ်းဆောင်ခွင့်၊
(ထ) လုပ်သက်ဆုငွေနှင့် အငြိမ်းစားလစာခံစားခွင့်
(ဒ) ပြည်ထောင်စုအစိုးရအဖွဲ့ က အခါ အားလျော်စွာ သတ်မှတ်သောအခြား ခံစားခွင့်တို့ဖြစ်ပါသည်။
 
ခံစားခွင့်ရှိ
 
ထို့အပြင် နိုင်ငံ့ဝန်ထမ်းဥပဒေအခန်း (၅) ပုဒ်မ ၁၃ တွင် ဝန်ထမ်းသည် သီးခြားတာဝန်ပေးချက် အရ ဆောင်ရွက်ရသည့်လုပ်ငန်းတစ်ရပ်ရပ်အတွက် ချီးမြှင့်ငွေ သို့မဟုတ် အခကြေးငွေကိုသက်ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ခံစားခွင့်ရှိ ကြောင်းလည်း ပြဋ္ဌာန်းထားပါသည်။ ဝန်ထမ်းတစ်ဦးသည် အထက်ပါပေးထားသော အခွင့်အရေးများကိုခံစား၍ မိမိထမ်းဆောင်ရမည့် လုပ်ငန်းတာဝန်များကို ပျက်ယွင်းနေပါလျှင် နိုင်ငံ့ ဝန်ထမ်းကောင်းတစ်ဦးဖြစ်သည်ဟု မှတ်ယူ၍ မရ နိုင်ပါ။ ထို့အပြင်၂၀၁၄ ခုနှစ် မတ်လ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များအရ ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်မှုများ ဖြစ်သည့် -
- အလုပ်ချိန်နှင့် သက်ဆိုင်သည့်ဝန်ထမ်း စည်းကမ်းဆိုင်ရာပြစ်မှုများ၊ (နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ ၁၆၁)
-တာဝန်ထမ်းဆောင်မှုလုပ်ရည်ကိုင်ရည်တို့ နှင့် ပတ်သက်သည့်ပြစ်မှုများ၊ (နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၆၂)
-လုပ်ငန်းခွင်အတွင်း ပြုမူဆက်ဆံမှုဆိုင်ရာ စည်းကမ်းများ၊ (နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ များ၊ နည်းဥပဒေ ၁၆၃)ကို လိုက်နာရန်လို အပ်ပြီး ဖောက်ဖျက်ကျူးလွန်မှုများရှိလာပါ က ဝန်ထမ်းစည်းမျဉ်း၊စည်းကမ်းများနှင့် အညီအရေးယူခြင်းခံရမည်ဖြစ်ပြီး ဝန်ထမ်း စည်းကမ်းဆိုင်ရာပြစ်ဒဏ်များကို ချမှတ်ခြင်း ခံရမည်။
 
အချုပ်အားဖြင့်ဆိုရသော်မိမိတို့နိုင်ငံ့ဝန်ထမ်းများ သည်နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ များကို သိရှိလိုက်နာရန်လိုအပ်ပါသည်။ မိမိအားပေး အပ်သည့်လုပ်ငန်းတာဝန်များကို တာဝန်သိစိတ်ဖြင့် တာဝန်ယူ၊ တာဝန်ခံကာ တာဝန်ကျေပွန်ကြမည် ဆိုပါက ပြည်သူကအားထားရသည့် "ဝန်ထမ်း ကောင်း" တစ်ဦးအဖြစ် မှတ်ယူခြင်းခံရမည်မှာ မလွဲဧကန်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။