နေပြည်တော် ဇွန် ၂၅
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဇွန် ၂၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့ရှိ ဒဂုံဆိပ်ကမ်းသင်္ဘောကျင်း၊ ဒေါပုံသင်္ဘောကျင်း၊ စက်ဆန်း သင်္ဘောကျင်း၊ သိမ်ဖြူသင်္ဘောကျင်း၊ ဒလသင်္ဘောကျင်းနှင့် အံ့ကြီးသင်္ဘောကျင်းနေရာများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး လက်အောက်ရှိ ဒဂုံဆိပ်ကမ်း သင်္ဘောကျင်းဧရာခန်းမသို့ ရောက်ရှိပြီး သင်္ဘောကျင်းမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ ဝန်ကြီးဌာနအောက်ရှိပြည်တွင်း ရေကြောင်းပို့ဆောင် ရေးသည် စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းဖြစ်သည် နှင့်အညီ လုပ်ငန်းများဆောင်ရွက်ရာတွင် အမြတ် အစွန်းရရှိရေး၊ လုပ်ငန်းများအောင်မြင်စေရေး နည်းလမ်းရှာ၍ ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ အသုံးစရိတ်များ ကိုလည်း လျှော့ချဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပါတီ နိုင်ငံရေးကင်းရှင်းစွာဖြင့် ဝန်ထမ်းစည်း ကမ်းများကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း။
အရေးပေါ်ကာလအတွင်း အခက်အခဲအကျပ် အတည်းများတွေ့ကြုံချိန်များ တွင်တာဝန်ကျေပွန်စွာ ဆောင်ရွက် ပေး ခဲ့သည့်ဝန် ထမ်းများကို အသိအမှတ် ပြုပါကြောင်း၊ ကိုဗစ်-၁၉ ကာလ ရောဂါကူးစက် ပြန့်ပွားမှု များပြားနေခြင်းကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းများအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ကြရန်လိုကြောင်းနှင့် မိမိ လုပ်ငန်းနေရာများလုံခြုံမှုရှိ စေရေး လုံခြုံရေးတာဝန် ကျဝန်ထမ်းများကစနစ်တကျ စစ်ဆေးစောင့်ကြပ်ရန် လိုအပ်ကြောင်း မှာကြားသည်။ ထို့နောက် တာဝန်ရှိသူများကလုပ်ငန်း အကောင် အထည်ဖော်ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံဆိပ်ကမ်းသင်္ဘောကျင်းဝင်း အတွင်း တန် ၁၅၀၀ တွဲ ရေယာဉ်သစ်နှစ်စင်း တည်ဆောက်နေမှုနှင့် လွန်းကျင်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
သတင်းစဉ်