Skip to main content

တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ်ဆေးရုံများ၌ ယနေ့အထိ ပြင်ပလူနာနှစ်သိန်း ငါးသောင်းကျော် ကုသပေးနိုင်ခဲ့

နေပြည်တော် ဇွန် ၂၇

ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးလျက်ရှိသည့်အပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေးဆိုင်ရာကုသမှုများ ဆောင်ရွက်ပေးနိုင်ရန် အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများ၌ ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက်ပေး လျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၅၉၅၇၅ ဦးနှင့် အတွင်းလူနာပေါင်း ၇၅၇၉၄ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။

 

အထူးကြပ်မတ်ကုသပေးလျက်ရှိ ယင်းလူနာများအနက် အကြီးစား ခွဲစိတ်ကုသရန်လိုအပ်သူ ၁၂၀၇၀၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၆၃၀၃ ဦး စုစုပေါင်း ၁၈၃၇၃ ဦးတို့ကို ခွဲစိတ်ကုသ ပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာ များကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ်ကုသပေးလျက် ရှိသည်။

 

ထို့ပြင် ကလေးမီးဖွားလူနာ ၆၀၉၄ ဦးကို ခွဲစိတ်၍လည်းကောင်း၊ ၈၇၂၅ ဦးကို သာမန်ဖြင့် လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကလေးငယ် ၁၄၈၁၉ ဦးကိုအောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ မြင့်မားရေးတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

 

သတင်းစဉ်