Sep 15, 2021
(၃၉)ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများ(39th ASEAN Ministers on Energy Meeting (AMEM) and Associated Meetings) ကို စက်တင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ဘရူနိုင်းနိုင်ငံမှအလှည့်ကျဥက္ကဋ္ဌအဖြစ် Video Conferencing စနစ်ဖြင့် ကျင်းပလျက်ရှိရာ အဆိုပါ အစည်းအဝေးများသို့ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး ပါဝင်တက်ရောက်သည်။
Sep 15, 2021
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသော စီးပွားရေးလုပ်ငန်းများကို ကုစားမှုများပေးနိုင်ရေးအတွက် ဟိုတယ်များတွင် ကိုဗစ်-၁၉ လုပ်ငန်း လမ်းညွှန်များနှင့်အညီ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို နိုင်ငံပိုင် မီဒီယာများနှင့် လူမှုကွန်ယက်မီဒီယာများတွင် ထုတ်လွှင့်ပြသနိုင်ရေး ရုပ်သံရိုက်ကူးရေး ဆောင်ရွက်နိုင်ရန် နေပြည်တော်ရှိ ဟိုတယ်များမှ အထွေထွေမန်နေဂျာများနှင့် Elite Technology မှ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Sep 15, 2021
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့ ညနေ(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Sep 15, 2021
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Sep 15, 2021
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀ တွင် ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာ၊ (၁၃)ကီလို မီတာ ပူးပေါင်း စစ်ဆေးရေးစခန်းအနီးတွင် လုတ်ယိန်း မောင်းနှင်လာ သည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ဘိန်းဆီခဲ ၅ ကီလိုကိုလည်းကောင်း။
Sep 15, 2021
တပ်မတော်အနေဖြင့် ပျူစောထီးအဖွဲ့နှင့် ပတ်သက်၍ ဖွဲ့စည်းထားခြင်း မရှိကြောင်း သိရသည်။
Sep 15, 2021
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရ မည့်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများ၌ တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေး လျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ တိုးချဲ့ကာကွယ်ဆေး သိုလှောင်ခန်းတွင် ထားရှိသည့် ကိုဗစ်ရောဂါ ကာကွယ်ဆေးများကို စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက် ရှိသည်။
Sep 15, 2021
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင် ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင် ဆောင်ရွက်လျက် ရှိသည်။
Sep 15, 2021
တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၃ ရက်နှင့် ယနေ့တို့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနား အရှေ့ခြမ်းတောင်ပေါ်ဒေသရှိ ပြဒါးချောင်း ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ညောင်ပင်ကုန်း ဘုန်းတော်ကြီးကျောင်းနှင့် ဂမုန်းတောင်ဘုန်းတော်ကြီးကျောင်း၊ ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ် ကျောင်းတိုက်၊ မဟာလယ်တီစံကျောင်းတိုက်၊ ဝိပဿနာ ကျောင်းတိုက်၊ မူလသုဓမ္မာ မေဒနီသီလရှင်စာသင်တိုက်၊ ပုဗ္ဗသီရိမြို့နယ်၊ ဉာဏဂုဏ်ရည် စာသင်တိုက်၊ ကျောင်းစု ကျောင်းတိုက်နှင့် ကြာကန်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ရဲစုကျေးရွာရှိ ရဲစုရွာဦး ကျောင်းတိုက်နှင့် လှည်းကူးမြို့နယ်၊ အင်းတိုင်ကျေးရွာရှိ စွန်းလွန်ဂူကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့၊ ဒက္ခိဏာရာမ (ရွှေကျင်) ပရိယတ္တိစာသင်တိုက်၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ သစ်ဆိမ့်ကျောင်းတိုက် တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းကြသည်။
Sep 15, 2021
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင် အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့် စားသောက် ဖွယ်ရာများကို လှူဒါန်းပေးလျက်ရှိသည်။
Sep 15, 2021
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၁၃ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသည့် အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၀ ဦး၊ စုစုပေါင်း ၂၅ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသည့် အမျိုးသား ၇ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၁၀ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၉ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၁၈ ဦးတို့ကိုလည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည် ဝင်ရောက်လာသူ အမျိုးသား ၁၀၆ ဦး၊ အမျိုးသမီး ၁၀၁ ဦး၊ စုစုပေါင်း ၂၀၇ ဦးတို့ကို လည်းကောင်း အသီးသီးလက်ခံခဲ့ကြသည်။
Sep 15, 2021
အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG ၊ CRPH ၊ PDF အဖွဲ့များသည် တရားဉပဒေ စိုးမိုးရေးနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်ချက်များဖြင့် အုပ်စုဖွဲ့အကြမ်းဖက် တိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိရာ စက်တင်ဘာ ၁၁ ရက် ည ၁၀ နာရီခန့်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကျောက်ပြုတ်ကျေးရွာသို့ အကြမ်းဖက်သူ အင်အား ၅၀ ဦးခန့်က တူမီးသေနတ်နှင့် လက်လုပ်သေနတ်များဖြင့် ဝင်ရောက်၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
Sep 15, 2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုတို့သည် စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းတွင် အမျိုးသား ကန်တော်ကြီးဥယျာဉ်သို့ သွားရောက်စစ်ဆေးရာ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ကန်တော်ကြီးအတွင်းရှိ ရေကန်(၄)ကန်၏ ရေဝင်ရောက်မှု၊ နွေရာသီ ရေခမ်းခြောက်မှု၊ လက်ရှိအခြေအနေနှင့် ရေခမ်းခြောက်ရသည့် အကြောင်းရင်းများ၊ (၁၀) နှစ်အတွင်း မိုးရွာသွန်းမှုနှင့် အပူချိန်တို့ကိုလည်းကောင်း ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးက အမျိုးသား ကန်တော်ကြီးဥယျာဉ်၏ ရေဝင်ရောက်မှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ် များကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။
Sep 15, 2021
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက် ၇ နာရီမှစတင်၍ ဗီဒီယိုကွန်ဖရင့် ဖြင့်ကျင်းပသည့် အာဆီယံ စီးပွားရေးဝန်ကြီးများနှင့် အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်တို့ အစည်းအဝေး၊ (၅) ကြိမ်မြောက် အာဆီယံ ဟောင်ကောင် (တရုတ်) စီးပွားရေးဝန်ကြီးများ အစည်းအဝေး၊ (၁၈) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ စီးပွားရေးဝန်ကြီးများ အစည်းအဝေး၊ (၁၇) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများနှင့် အီးယူ ကုန်သွယ်ရေးကော်မရှင်နာတို့ အစည်းအဝေး နှင့် (၁၀) ကြိမ်မြောက် အာဆီယံ-ရုရှား စီးပွားရေး ဝန်ကြီးများ အစည်းအဝေးတို့ကို နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီးရုံးမှ ပါဝင်တက်ရောက် သည်။
Sep 15, 2021
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်နေချိန်တွင် ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန် အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ
Sep 15, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်၌ ပြုလုပ်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၄) စစ်လက်ရုံး ရွေးချယ်ပွဲသို့ ဆက်လက် တက်ရောက် စိစစ်ရွေးချယ်သည်။
Sep 15, 2021
တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ပြီး လိုအပ်ချက်အရ နိုင်ငံတော်၏ တာဝန်များကို ခေတ္တတာဝန်ယူ ထမ်းဆောင်နေရခြင်းဖြစ်ကြောင်း၊ စစ်စည်းကမ်း သည် တပ်မတော်၏ ကျောရိုးပင်ဖြစ်သဖြင့် စည်းကမ်းသေဝပ်၍ အမိန့်နာခံမှုကောင်းစွာဖြင့် လုပ်ဆောင်ကြစေလိုကြောင်းနှင့် မိမိတို့တာဝန် ထမ်းဆောင်သည့် တပ်၊ တပ်မတော်၊ ဒေသနှင့် တိုင်းပြည်၏ အကျိုးစီးပွားကို ကောင်းမွန်တိုးတက်အောင် မိမိတို့ တတ်စွမ်းသရွေ့ ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိကိုယ်ကို ထိန်းသိမ်း နေထိုင်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ နည်းပြအရာရှိကြီးများ၊ ကထိက အရာရှိကြီးများ၊ ပါရဂူဆေးမှူးများ၊ ဆရာ၊ ဆရာမများ၊ သန္ဓေအရာရှိ၊ စစ်သည်၊ မိသားစု များအား စစ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။
Sep 15, 2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ တဖြည်းဖြည်းကျဆင်းလာပြီ ဖြစ်သည်။ ရက်အလိုက်စောင့်ကြည့်မှုအရ စက်တင်ဘာ ၅ ရက်မှ ၁၂ ရက်အတွင်း ရောဂါတွေ့ရှိမှုမှာ ၁၀ ရာခိုင်နှုန်းမှ ရှစ်ရာခိုင်နှုန်းအထိ ကျဆင်းလာသည်ကို တွေ့ရသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှု၊ ပိုးတွေ့ရှိမှုရာခိုင်နှုန်း ထက်ဝက်ကျဆင်းရေး ရည်မှန်းကာ မျက်ခြည်မပြတ်အလေးထား၍ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ခဲ့သောကြောင့် တိုးတက်မှုများ ရရှိနေသည်။
Sep 15, 2021
နေအိမ်၊ တိုက်ခန်းများကို ငှားရမ်းသူအိမ်ရှင်များ သတိပြုနိုင်စေရေးအတွက် အကြမ်းဖက် တိုက်ဖျက်ရေးဗဟိုအဖွဲ့က အသိပေး ထုတ်ပြန်ချက်တစ်ရပ်ကို မီဒီယာများမှတစ်ဆင့် နေ့စဉ် ထုတ်လွှင့် ဖော်ပြလျက်ရှိသည်။ မိမိတို့ပိုင် နေအိမ်၊ တိုက်ခန်းများကို လာရောက်ငှားရမ်း နေထိုင်သူများသည် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သော အကြမ်းဖက်သမားများ ဖြစ်နေပါက အိမ်ရှင်များမှာလည်း မလွှဲသာမရှောင်သာ တာဝန်ရှိ နေမည်ဖြစ်ကြောင်းကို အဆိုပါအသိပေးထုတ်ပြန်ချက်အရ သတိပြုမိကြရန်နှင့် ဤသို့ မဖြစ်စေရန်အတွက် အိမ်ရှင်များ ဆောင်ရွက်ရမည့် တာဝန်များကို အသိပေးထားခြင်းဖြစ်သည်။
Sep 15, 2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုနှင့် တာဝန်ရှိသူများ သည် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ စိုက်ပျိုးရေးဦးစီးဌာန ဒိုးကွင်ဥယျာဉ်ခြံသို့ ရောက်ရှိကြပြီး ဆေးဖက်ဝင်သစ်ခွများ မျိုးထိန်းမျိုးပွား ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ဟင်းသီး ဟင်းရွက် မျိုးစေ့စိုက်ပျိုးထုတ်လုပ်ခြင်း၊ သုတေသန စမ်းသပ် ကွက်များ ဆောင်ရွက်ခြင်း၊ အဆင့်မြင့် စိုက်ပျိုးနည်းစနစ် ပြန့်ပွားဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကြရာ တာဝန် ရှိသူများက ရှင်းလင်းတင်ပြကြသည်။
