Oct 18, 2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် သော်မှော်ကုန်းကျေးရွာအုပ်စု၊ အိမ်ခြေ ၆၇ အိမ်၊ အိမ်ထောင်စု ၆၇ စု၊ လူဦးရေ ၁၀၅ ဦးရှိ အောင်စေတနာ ကျေးရွာဓမ္မာရုံတွင် ရွာသူရွာသားများနှင့် တွေ့ဆုံကာ မိသားစုဝင်ငွေ တိုးပွားရေးအတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ ကျေးရွာ၏ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကိစ္စ၊ ဆောင်ရွက်ပေးရမည့် ရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးပြီး ရာသီသီးနှံများ စိုက်ပျိုးရန်အတွက် စမ်းဝတီသဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်သည်။
Oct 18, 2022
မွေးရာပါအူများ ဝမ်းဗိုက်အပြင်သို့ ရောက်ရှိနေသည့် (Gastroschisis with preterm low birth weight) အသက် လေးရက်သား မွေးကင်းစမိန်းကလေး Baby နန်းမွေဖောင်ကို စက်တင်ဘာ ၃၀ ရက်တွင် စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီး၌ ပါမောက္ခ (ခွဲစိတ်) ဒေါက်တာ အောင်ခိုင်ဇံ၊ လက်ထောက်ဆရာဝန် ဒေါက်တာ ထက်အောင်ကျော်နှင့် ပါမောက္ခ (မေ့ဆေး) ဒေါက်တာဖုန်းမြင့်တို့ ဦးဆောင်သောအဖွဲ့ကအူများကို ဝမ်းဗိုက်အတွင်း ပြန်လည် ထည့်သွင်းပေးသည့် ခွဲစိတ်ကုသမှု (Primary Closure)ကို အောင်မြင်စွာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Oct 18, 2022
နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁)၌ ကျင်းပသည်။
Oct 18, 2022
တိုင်းဒေသကြီးအတွင်း အသေးစား အလတ်စား စက်မှုလက်မှုလုပ်ငန်းများ အားနည်းလျက်ရှိသည်ကို တွေ့ရကြောင်း၊ တိုင်းဒေသကြီးအတွက် ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းလုပ်ငန်း အောင်မြင်ဖြစ်ထွန်းအောင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လုပ်ကိုင်ကြိုးစား ဆောင်ရွက်လျက်ရှိရာ မကြာမီကာလအတွင်း ပြန်လည်လုပ်ကိုင်လာမည်ဟု ယုံကြည်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ပြောကြားသည်။
Oct 18, 2022
အခြေခံပညာကျောင်းများမှစ၍ ထူးချွန်ထက်မြက်သည့် အမျိုးသား/အမျိုးသမီး မျိုးဆက်သစ် လူငယ်ဘောလုံး အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေး ရည်ရွယ်ကျင်းပသော ၂၀၂၂ ခုနှစ် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အခြေခံပညာ ကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသား/ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၁၆ ရက် မွန်းလွဲပိုင်းက ဘားအံမြို့ အောင်သံလွင် အားကစားကွင်း၌ ကျင်းပသည်။
Oct 18, 2022
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိရာ လာမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူများ ဥပဒေနှင့်အညီ လွတ်လပ်စွာမဲပေးနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းနှင့် မဲရုံတည်နေရာများ အတည်ပြု သတ်မှတ်ခြင်းများ ဆောင်ရွက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက သာယာဝတီခရိုင် ဆရာစံခန်းမ၌ ကျင်းပသည်။
Oct 18, 2022
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်ဦးရေနှင့် ရွှေ၊ ငွေ၊ ကြေး၊ ဆုတံဆိပ် ရရှိမှု အခြေပြဇယား
Oct 18, 2022
မြန်မာနိုင်ငံ၏ တည်နေရာအကျယ်အဝန်းအရ ကျေးလက်ဒေသများသည် အကျယ်ပြန့်ဆုံး ဖြစ်သလို နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်များတွင် နေထိုင်လျက်ရှိသည်။ ထို့ကြောင့် ခေတ်အဆက်ဆက် အစိုးရများလက်ထက်မှ ယနေ့ထက်တိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို ဦးစားပေးဆောင်ရွက်ခဲ့ကြသည်။ ယခင်က ဖွံ့ဖြိုးမှုနိမ့်ကျခဲ့သော ကျေးလက်ဒေသ များသည် ယခုအခါ သိသာစွာဖွံ့ဖြိုး တိုးတက်လာသော်လည်း ဖွံ့ဖြိုးမှုနိမ့်ကျသော အချို့ကျေးလက် များလည်းရှိ နေသေးသည်။
Oct 18, 2022
နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးတွင် “ပြည်ပပို့ကုန်တိုးမြှင့်ရေး”သည် အရေးပါသည့် အချက်တစ်ရပ် ဖြစ်သည်။ စီးပွားရေးမြှင့်တင် ရာတွင် 3Ms ဟု ဆိုကြသည့် ပြည်တွင်းရှိ ရုပ်ဝတ္ထု (Material)၊ ငွေကြေး (Money)၊ လူ(Man) အင်အား အရင်းအမြစ်များကို အထိရောက်ဆုံး အသုံးချနိုင်မည့် နည်းလမ်းများကို ရှာဖွေကြရမည် ဖြစ်သကဲ့သို့ လိုအပ်သည့် အရင်းအနှီးများ စုဆောင်း ရရှိနိုင်စေရန် ပြည်ပပို့ကုန်တိုး မြှင့်ရန်လည်း လိုအပ်သည်။
Oct 17, 2022
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက် မွန်းလွဲ ၂ နာရီတွင် ပခုက္ကူမြို့၊ အမှတ် (၁၂) ရပ်ကွက်၊ မဟာဝိသုတာရာမ (အလယ်တိုက်)ရှိ သာသနာ့ဝံသကျောင်းမှ ဥူးပညာဇောတ၊ သက်တော် ၃၄ နှစ်၊ ဝါတော် ၁၄ ဝါ၊ (ဘ)ဦးစံမြင့်၊ ဥူးနန္ဒာစရိယ၊ သက်တော် ၃၃ နှစ်၊ ဝါတော် ၁၃ ဝါ၊ (ဘ)ဦးပြုံး၊ ဥူးဣန္ဒြာစရိယ၊ သက်တော် ၃၃ နှစ်၊ ဝါတော် ၁၃ ဝါ၊ (ဘ)ဦးအောင်လွင်၊ ဥူးဝိစာရ၊ သက်တော် ၃၂ နှစ်၊ ဝါတော် ၁၂ ဝါ၊ (ဘ)ဦးမောင်ငွေတို့ ပါဝင်သည့် သံဃာတော် ၄ ပါးသည် ယာဉ်အမှတ်၊ MDY-RLG-1472 အမျိုးအစား NISSAN အနက်ရောင်ယာဉ်ဖြင့် ပခုက္ကူမြို့နယ်၊ ပေါက်တောကျေးရွာရှိ ဥူးပညာဇောတ၏ နေအိမ်သို့ အလည်သွားရောက်ရန် ဥူးပညာဇောတ မောင်းနှင်ပြီး ပခုက္ကူမြို့မှတစ်ဆင့် ပခုက္ကူ-ဆိပ်ဖြူ သွားကားလမ်းအတိုင်း သွားရောက်စဉ်
Oct 17, 2022
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ဘားအံမြို့ ဇွဲကပင်ခန်းမ၌ တွေ့ဆုံ၍ ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေး ပြောကြားသည်။
Oct 17, 2022
ယခုလမှစ၍ မုတ်သုံရာသီ ကုန်ဆုံးပြီး ပွင့်လင်းရာသီသို့ စတင်ဝင်ရောက်ပြီ ဖြစ်သဖြင့် ရန်ကုန် ဆိပ်ကမ်းမှတစ်ဆင့် ပင်လယ်ရေကြောင်းဖြင့် နိုင်ငံတကာ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ ပုံမှန်အနေအထားသို့ ရောက်ရှိနေပြီး ပို့ကုန်များ တိုးတက် တင်ပို့လျက်ရှိနေကြောင်း သိရသည်။
Oct 17, 2022
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် ခရီးစဉ်၌ လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်အားကစားကွင်း အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Oct 17, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Oct 17, 2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များသည် ထားဝယ်မြို့၏ အနောက်မြောက်ဘက် ရေမိုင် ၆၄ မိုင်အနီး ငါးဖမ်းဝါးလတ်လှေတစ်စီး မီးလောင်နေကြောင်း သတင်းအရ အောက်တိုဘာ ၁၆ ရက် ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် သွားရောက်ရှာဖွေစိစစ်ခဲ့ရာ
Oct 17, 2022
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးအောင်ဇော်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဦးသိန်းကိုကို တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁)၌ ရုံးထိုင်၍ တရားမအထူးအယူခံမှု အမှတ်၊ ၃/၂၀၂၁ (မကွေး)၊ ၁၅ / ၂၀၂၁ ( ရန်ကုန် ) ၊ ၄၁ / ၂၀၂၀ (မွန်) ၊ ၂၁/၂၀၂၂ (ရန်ကုန်) စုစုပေါင်း တရားမအထူးအယူခံမှု (၄) မှု တို့ကို စီရင်ချက်ချမှတ်သည်။
Oct 17, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။
Oct 17, 2022
(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နေပြည်တော်၌ အောက်တိုဘာ ၁၁ ရက်မှ စတင်ကျင်းပလျက်ရှိရာ ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကဏ္ဍအလိုက် ပြိုင်ပွဲဝင်များနှင့် ပြိုင်ပွဲဝင် အုပ်ချုပ်သူများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်။
Oct 17, 2022
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ဗဟို အဆင့်) ဆဋ္ဌမနေ့ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာ အသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။