Apr 19, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ် တွင် “စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်။”ဟူသော လုပ်ငန်းစဉ်တစ်ရပ်ကို ထည့်သွင်းချမှတ်ထားသည်။ အဆိုပါ ရှေ့လုပ်ငန်းစဉ်သည် နိုင်ငံတော်အစိုးရနှင့်အတူ နိုင်ငံသားအားလုံးပါဝင် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သည့် နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်လည်း ဖြစ်သည်။
Apr 19, 2023
၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များအတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို မေ ၆ ရက်တွင် နေပြည်တော်မြို့တော်ခန်းမအနီးရှိ လဟာပြင်ကဇာတ်ရုံ၌ ခမ်းနားထည်ဝါစွာကျင်းပသွားမည်ဖြစ်သည်။
Apr 19, 2023
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ကျင်းပရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
Apr 19, 2023
မြန်မာပြည်ဖွား တိုင်းရင်းသားလူမျိုးအပေါင်းတို့သည် အမိမြန်မာနိုင်ငံတော်၏ မြေပေါ်တွင်နှစ်ပေါင်းထောင်ချီ အတူတကွ နေထိုင်ကြီးပြင်းလာခဲ့ကြသူများ ဖြစ်သည်။ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရပေါင်းသင်းဆက်ဆံမှုတို့တွင် တစ်ဦးနှင့်တစ်ဦးအပြန်အလှန်အမှီသဟဲပြု၍ အကျိုးစီးပွားဖြစ်ထွန်းအောင် စိတ်တူကိုယ်တူညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်ခဲ့ကြသည်။ ထို့ကြောင့် ပြည်ထောင်စုဖွားအားလုံးတို့သည် တရားတော်အရ အဆွေခင်ပွန်းများဖြစ်ကြသည်။
Apr 18, 2023
မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ရုရှား Bloggers အဖွဲ့အား ယနေ့ ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းက နေပြည်တော်ရှိမြတ်တော်ဝင်ဟိုတယ်၌ ညစာဖြင့်တည်ခင်းဧည့်ခံသည်။
Apr 18, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၇-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၈-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၉၉၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၉) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက်ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၃) ရာခိုင်နှုန်း ရှိပါသည်။ ယနေ့တွေ့ရှိသော COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၉) ဦးအနက် (၆) ဦး၊ (၆၆.၇) ရာခိုင်နှုန်းမှာ ပြည်ပမှဝင်ရောက်လာ သူများအား ဓာတ်ခွဲစစ်ဆေးရာမှ တွေ့ရှိခြင်းဖြစ်ပြီး (၃) ဦး၊ (၃၃.၃) ရာခိုင်နှုန်းမှာ ပြည်တွင်းတွင် ကူးစက်ဖြစ်ပွားသူများဖြစ်ပါသည်။
Apr 18, 2023
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာရေကစားမဏ္ဍပ်အား လက်ပစ်ဗုံးဖြင့် အကြမ်းဖက်ဖောက်ခွဲရန် ပြုလုပ်ခဲ့သော PDF အမည်ခံအကြမ်းဖက်သမား ၂ ဦးအား ဧပြီ ၁၇ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် ဒေသခံပြည်သူများက ဝိုင်းဝန်းဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
Apr 18, 2023
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ဒေသခံများအသွင်စိမ့်ဝင်၍ ခိုအောင်းနေထိုင်လျက်ရှိကြောင်းနှင့် ဒေသခံပြည်သူများအား အနိုင်ကျင့်နှိပ်စက်ခြင်း၊ အဓမ္မဆက်ကြေးကောက်ခံခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်းနှင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံအားပေးမှုမရှိသည့် ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်လျက်ရှိကြောင်း သိရှိ ရသည်။
Apr 18, 2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်း ပရိတ် တရားတော်နာအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ သီရိဂန္ဓမာသပြေအေး မိုးကုတ် ဝိပဿနာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအရှင်ဂန္ဓမာလာ အမှူးပြုသော ဆရာတော်အရှင်သူမြတ်များ၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်ဇနီး ဒေါ်ကြည်ကြည်မေ၊ ဒုတိယဝန်ကြီးဦးမြင့်စိုး၊ အမြဲတမ်း အတွင်းဝန်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့်ဇနီးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
Apr 18, 2023
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲအခမ်းအနားကို ယနေ့(မြန်မာ နှစ်ဆန်းတစ်ရက်) နံနက် ၇ နာရီတွင် နေပြည်တော်ရှိ မင်္ဂလာကန်တော်၌ ကျင်းပသည်။
Apr 18, 2023
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နှစ်ဆန်းတစ်ရက် မြန်မာနှစ်သစ်ကူးအခါသမယနေ့တွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီ တွင် ဇမ္ဗူသီရိမြို့နယ် မင်္ဂလာကန်တော်၌ ကျင်းပသည်။
Apr 18, 2023
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင်သံဃာတော် ၁၀၈ ပါးဖြင့် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဆွမ်းဆက်ကပ်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အသက် ၉၀ နှင့်အထက်သက်ကြီး ဘိုးဘွားများအားပူဇော်ကန်တော့ခြင်း စသည့်ကောင်းမှုကုသိုလ်ပြုလုပ်သည့် အခမ်းအနားများကို မန္တလေးမြို့တော် စည်ပင်သာ ယာရေးကော်မတီရုံးရှိ မြို့တော်ခန်းမနှင့်ခန်းမရှေ့တို့တွင် ယနေ့နံနက်ပိုင်းကကျင်းပသည်။
Apr 18, 2023
အကျဉ်းထောင် / အချုပ်ထောင် / စခန်းအသီးသီးတို့တွင် အကျဉ်းကျခံနေကြရသည့် နိုင်ငံသား အကျဉ်းသား၊ အကျဉ်းသူ ၃၀၁၅ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၉၈ ဦး စုစုပေါင်း ၃၁၁၃ ဦးတို့ကို ယနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည်။
Apr 18, 2023
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ဆောင်ပုဒ်က ‘ရုပ်ရှင်သည် ပြည်သူ့အတွက်ဖြစ်ပါတယ်’ လို့ဆိုထားပါတယ်။ ရုပ်ရှင်ဟာ ပြည်သူ့အတွက်ဆိုတာကြောင့် ပြည်သူတွေပျော်ရွှင်မှု၊ အေးချမ်းသာယာမှု၊ ကြီးပွားတိုးတက်မှုနဲ့ ဘာသာသာသနာမှာကောင်းမွန်စွာ ရွက်ဆောင်နိုင်ကြဖို့ဆုတောင်း မေတ္တာပို့သပါတယ်။ ရုပ်ရှင်ကို ချစ်မြတ်နိုးတဲ့ ပရိသတ်ကြီးဟာ ကျွန်တော်တို့ အစည်းအရုံးအတွက် အဓိကမဏ္ဍိုင်ကြီးဖြစ်တာကြောင့် ချစ်ပရိသတ်ကြီးနှစ်သစ် မင်္ဂလာချိန်ခါမှာ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းပို့သပါတယ်။
Apr 18, 2023
သီရိလင်္ကာနိုင်ငံသား ၅ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေး
Apr 18, 2023
နိုင်ငံခြားသား အကျဉ်းသား/သူ ၉၈ ဦးတို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေး
Apr 18, 2023
အကျဉ်းသား/အကျဉ်းသူ ၃၀၁၅ ဦးတို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု
Apr 18, 2023
မြန်မာ့နှစ်ကူးမင်္ဂလာအချိန်မှစပြီး ကမ္ဘာသူ၊ ကမ္ဘာသားများနဲ့ မြန်မာပြည်သူအပေါင်း နှလုံးစိတ်ဝမ်း အေးချမ်းသာယာကြပါစေ။
Apr 18, 2023
ဒီကနေ့ဟာ ၁၃၈၄ ခုနှစ် ကုန်ဆုံးလို့ ၁၃၈၅ ခုနှစ် မြန်မာနှစ်သစ် အခါသမယပဲဖြစ်ပါတယ်။ အခုလို မင်္ဂလာရှိလှတဲ့ မြန်မာတို့ရဲ့ နှစ်သစ်မင်္ဂလာ အခါသမယမှာ ဆရာတော်အနေနဲ့ နှစ်သစ်မင်္ဂလာနှစ်ဦး ဆုမွန်ပတ္ထနာပြုပေးပါမယ်။
Apr 18, 2023
ဦးဝဏ္ဏ (ဗုဒ္ဓဘာသာ) ဥက္ကဋ္ဌ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) မြန်မာလူမျိုးတို့ရဲ့ နှစ်ဟောင်းကြွေပျောက် နှစ်သစ်ရောက်တဲ့ အခါသမယမှာ သွေးသားရင်းချာ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ၊ နိုင်ငံသူ နိုင်ငံသားတွေ၊ ကမ္ဘာသူ၊ ကမ္ဘာသားတွေအားလုံး မင်္ဂလာ နှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းရင်း နှုတ်ခွန်းဆက်ပါတယ်၊၊
