Skip to main content

Oct 21, 2022

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်သည် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ် သံအမတ်ကြီး H.E. Mr. Uladzimir Baravikou အား ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 21, 2022

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော နီပေါသံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 21, 2022

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ဟနွိုင်းမြို့ အခြေစိုက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဘယ်လာရုစ် သံအမတ်ကြီးအသစ်အဖြစ် ခန့်အပ်ခံရသည့် H.E. Mr. Uladzimir Baravikou အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 21, 2022

မာလာဝီသမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သံအမတ်ကြီး ဦးမြင့်ဆွေသည် ၎င်း၏ခန့်အပ်လွှာကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်တွင် မာလာဝီသမ္မတနိုင်ငံ၊ လီလွန်ဂွေးမြို့၊ ကမာဇူနန်းတော်၌ မာလာဝီသမ္မတနိုင်ငံ သမ္မတ ဒေါက်တာ လာ့ဇရပ်(စ်) မက်ကာ သီချက်(ခ်)ဝီရာထံသို့ ပေးအပ်ခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 21, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာလ ၁၈ ရက်နေ့က မွန်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် “နိုင်ငံတစ်ခုသည် စီးပွားရေးမောင်းနှင်အား၊ နိုင်ငံရေးအားနှင့် ကာကွယ်ရေးစွမ်းအားကောင်းရန်လိုကြောင်း၊ စီးပွားရေးမောင်းနှင်အားကောင်းမွန်ပါက နိုင်ငံရေးနှင့် ကာကွယ်ရေးစွမ်းအားများလည်း ကောင်းမွန်လာမည်ဖြစ်ပြီး အင်အားကောင်းသည့်နိုင်ငံတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း” ပြောကြားချက်ကို မှတ်သားရပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 21, 2022

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင် အကျဉ်းသားများအတွက် ပါဆယ်ထုပ်လက်ခံသည့် အဆောက်အအုံအတွင်းနှင့် အပြင်ဘက်တို့တွင် အောက်တိုဘာ ၁၉ ရက်နံနက်ပိုင်းက ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်။ ပေါက်ကွဲမှုကြောင့် ထောင်ဝန်ထမ်းများနှင့် ကလေးငယ်များအပါအဝင် အရပ်သားများ သေဆုံးထိခိုက်ဒဏ်ရာရမှုများရှိခဲ့သည်။ ၎င်းသတင်းကို မီဒီယာအသီးသီးတို့ကဖော်ပြခဲ့သလို အကြမ်းဖက်အဖွဲ့နှင့် အပေါင်းအပါမီဒီယာတို့ကလည်း ၎င်းတို့၏အာဘော်များအတိုင်း ဝါဒဖြန့်ထုတ်လွှင့်မှုများ ပြုလုပ်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. Harishchandra Ghimire သည် ယနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင် ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. Uladzimir Baravikou သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင် ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2022

မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်းတိုးတက်မြင့်မားလာစေရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်းမြှင့်တင်ရေး၊ ဒေသအသီးသီးရှိ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေးနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက်ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2022

စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရေးကြိုးပမ်းရာတွင် ထွန်ထယ်ကိရိယာများ ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေးသာမက ခေတ်မီလယ်ယာသုံးစက်ကိရိယာများ၊ ရိတ်သိမ်းချွေလှေ့စက်ကြီးများ၊ ဒရုန်းနည်းပညာများ၊ သိုလှောင် ကြိတ်ခွဲ ပြုပြင် ထုပ်ပိုးခြင်းဆိုင်ရာ စက်ကိရိယာများကို စနစ်တကျအကျိုးရှိစွာ အသုံးပြုနိုင်ရေးသည်လည်း လိုအပ်လာလျက်ရှိကြောင်း၊ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ စက်မှုလယ်ယာ ဗဟိုသင်တန်းကျောင်း၌ ဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာကျွမ်းကျင်မှုလက်မှတ်ရ သင်တန်းအမှတ်စဉ်(၁) ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2022

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ၏ ဆန်းသစ်တီထွင်မှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဆန်းသစ်တီထွင်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပသော ခရီးသွားလုပ်ငန်းနှင့် ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းရှိသော စီးပွားရေးခေါင်းစဉ်ဖြင့် ကျင်းပသည့် အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2022

သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများသည် နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာအရေးကြီးပြီး အဓိကမောင်းနှင်အားဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် သိပ္ပံနှင့်နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်ရှိသော လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရေးနှင့် နိုင်ငံတကာ အဆင့်မီ သိပ္ပံ၊ နည်းပညာဆိုင်ရာဝန်ဆောင်မှုနှင့် ဆန်းသစ်တီထွင်မှုများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်‌အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သင်ကြားသင်ယူမှုတွင် ဒီဂျစ်တယ် နည်းပညာနှင့် ICT အခြေပြု ဆန်းသစ်သော သင်ကြားသင်ယူမှုစနစ်များကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရမှာဖြစ်ပြီး တက္ကသိုလ်များနှင့် ကောလိပ်များကို အရည်အသွေးအာမခံမှုနှင့် နိုင်ငံတကာအသိအမှတ်ပြုမှုများ ပိုမိုတိုးပွားလာစေရေး မဟာဗျူဟာများလည်း ချမှတ်ထားရမည်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2022

၂၀၂၂ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2022

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး Mr. Chen Hai နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၂ ခုနှစ် ကထိန်လျာ သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ ရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ ကိုဗစ်−၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2022

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်