Dec 02, 2022
စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၄) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြအခမ်းအနား ကျင်းပပုံများကို ဒီဇင်ဘာ ၂ ရက်နေ့ နံနက် ၇ နာရီ ၂၅ မိနစ်မှစတင်၍
Dec 02, 2022
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်း အမှတ် ပဒေသာကပွဲ (ဆဋ္ဌမနေ့) ကို ယနေ့ ညနေပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမရှိ လဟာပြင် ကဇာတ်ရုံ၌ စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပရာ ဝန်ထမ်းမိသားစုများ၊ တပ်မတော်သား မိသားစုများ၊ ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
Dec 02, 2022
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ နေပြည်တော် သင်တန်းကျောင်းတွင် ဖွင့်လှစ်သည့် အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် - ၂၃၄ ဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။
Dec 02, 2022
အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum)၏ (၁၉) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို SEANF ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူသည့် ဖိလစ်ပိုင်နိုင်ငံ လူ့အခွင့်အရေးကော်မရှင်က နိုဝင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ ဇမ်ဘိုအမ်ဂါမြို့၌ Hybrid Format ဖြင့် ကျင်းပခဲ့ရာ ဖိုရမ်အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ တီမော လက်စ်တေနိုင်ငံ လူ့အခွင့်အရေးကော်မရှင်မှ ကိုယ်စားလှယ်များက In-person အနေဖြင့် တက်ရောက်ကြပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း၊ အဖွဲ့ဝင်များဖြစ်သည့် ဦးပေါ်လွင်စိန်၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာ တင်မောင်မောင်သန်း၊ ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူး ဦးဇေယျာလင်းနှင့် ဝန်ထမ်းသုံးဦးတို့က Online Platform အသုံးပြု၍ တက်ရောက်ခဲ့ကြသည်။
Dec 02, 2022
စင်ကာပူနိုင်ငံတွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂ ရက်မှ ၄ ရက်အထိ ကျင်းပမည့် ကင်ဆာရောဂါ ဆေးပညာဆိုင်ရာ ဥရောပအဖွဲ့အစည်း၏ အာရှဒေသနှစ်ပတ်လည် ညီလာခံ (European Society of Medical Oncology Asia Annual Congress 2022) သို့ တက်ရောက်ရန် ကျန်းမာရေး ဝန်ကြီးဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာရောဂါဆေးပညာဌာနမှ ကင်ဆာရောဂါဆိုင်ရာ အထူးကုဆရာဝန်များဖြစ်ကြသော ဒေါက်တာရွှေစင်ဝင်း၊ ဒေါက်တာအိဟေမာမြင့်ရီ၊ ဒေါက်တာနှင်းသဉ္ဇာစိုး၊ ဒေါက်တာသီရိထွန်း၊ အထွေထွေရောဂါကုဆေးရုံကြီး (ပြည်မြို့)မှ ဒေါက်တာ သက်နှင်းဖြူတို့ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် ရန်ကုန်မြို့မှ စင်ကာပူနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
Dec 02, 2022
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလနောက်ပိုင်း ရပ်နားထားခဲ့ရသော ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) -ရန်ကုန်မြို့၌ ဆေးရုံအုပ်ကြီး၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ဌာနမှူး၊ အထူးကု ဆရာဝန်ကြီးများ၊ အငြိမ်းစား ဆေးပညာရှင်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံ၍ ကျောက်ကပ်အစားထိုးကုသမှုဆောင်ရွက်မည့် အစီအစဉ်အတွက် အသေးစိတ်ညှိနှိုင်းဆွေးနွေးကာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ခဲ့သည်။
Dec 02, 2022
မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပပြီး သက်ကြီးဘိုးဘွားများ စောင့်ရှောက်ခြင်းဆိုင်ရာကိစ္စရပ်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Dec 02, 2022
၂၀၂၂ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက် ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) အခမ်း အနားကို ယနေ့နံနက် ၉ နာရီက ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမ နေပြည်တော်တွင်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူလူထုအခြေပြုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Dec 02, 2022
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်း ဦးဆောင်ကော်မတီ၏ (၂၄)ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 02, 2022
နိုင်ငံတော်၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကျရာအခန်းကဏ္ဍ အသီးသီးတွင် သစ္စာရှိရှိ တာဝန်ထမ်းဆောင်နေကြသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၏ မိသားစုနေ့လယ်စာ မိတ်ဆုံစားပွဲကို ယနေ့မွန်းတည့် ၁၂ နာရီတွင် ရုံးအမှတ်(၃၆) ဝန်ကြီးဌာန စုပေါင်းစားရိပ်သာ၌ ကျင်းပသည်။
Dec 02, 2022
ပထမအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီအစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည် တော်ရှိ Hilton Hotel ၌ ဆက်လက်ကျင်းပသည်။
Dec 02, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Dec 02, 2022
ပြည်သူများ၏ နေ့စဉ်လူမှုစီးပွားဘဝများအတွက် အရေးကြီးသောအခြေခံလိုအပ်ချက်များမှာ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးနှင့် လျှပ်စစ်ဓာတ်အားရရှိရေးဖြစ်သည်။ အဆိုပါ အခြေခံလိုအပ်ချက်များကို နိုင်ငံတော်အစိုးရက စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ ယခုအခါ NUG နှင့် လက်ဝေခံ PDF အကြမ်းဖက်အဖွဲ့များသည် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အားပေး ရေးလုပ်ငန်းများကို နှောင့်ယှက်ဖျက်ဆီးနေသောကြောင့် ပြည်သူများ၏ နေ့စဉ်လူမှုစီးပွားဘဝများ၌ အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်။
Dec 02, 2022
လျှပ်စစ်ဓာတ်အားသည် နိုင်ငံဖွံ့ဖြိုးရေးအတွက်အရေးကြီးသလို နေ့စဉ်လူနေမှုဘဝများအတွက်လည်း အရေးကြီးသည်။ တစ်နှစ်ထက်တစ်နှစ် ပိုမို၍ လိုအပ်ချက်မြင့်မားလာနေသော လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နိုင်ငံတော်ကကြိုးပမ်းဆောင်ရွက်နေပြီး ၂၀၃၀ ပြည့်နှစ်တွင် ရာနှုန်းပြည့်ဖြည့်ဆည်းနိုင်ရန် ရည်မှန်းထားသည်။ ထို့ပြင် နှစ်စဉ်အမေရိကန်ဒေါ်လာ နှစ်ဘီလီယံဖိုးခန့်တင်သွင်းနေရသည့် စက်သုံးဆီများဝယ်ယူနေရမှုကို လျှော့ချနိုင်ရေးအတွက် ပြည်တွင်းရှိ ဒီဇယ်ဆီသုံးသည့် စက်မှုလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် လျှပ်စစ်စွမ်းအင်ကို အစားထိုးသုံးစွဲသွားရန်မျှော်မှန်းထားရာ ပြည်တွင်းရှိအရင်းအမြစ်ပေါင်းစုံတို့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သွားနိုင်ရန်လည်း နိုင်ငံတော်ကဆောင်ရွက်လျက်ရှိသည်။
Dec 01, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွယ်နေသောအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူနှင့်သက်ဆိုင်သောနေရာများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အများပြည်သူပိုင်ပစ္စည်းများအား ဓားပြတိုက်လုယက်ခြင်း စသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့်ပြုလုပ်လျက်ရှိပါသည်။
Dec 01, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Dec 01, 2022
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့တွင် ကျင်းပပြုလုပ်မည့် နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ (International Fleet Review-IFR) သို့တက်ရောက်ရန်အတွက် တပ်မတော်(ရေ)မှ ဗိုလ်မှူးကြီးသိန်းစိုး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များပါဝင်သည့် စစ်ရေယာဉ်(ကျန်စစ်သား)သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား(သီလဝါ)မှထွက်ခွာရာ သန်လျင်တပ်နယ်မှ တပ်မတော်အရာရှိကြီးများနှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များက ပို့ဆောင်နှုတ်ဆက်ကြသည်။
Dec 01, 2022
ကရင်ပြည်နယ်အတွင်းရှိ ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသတစ်ဝိုက်နှင့် မြဝတီ-ဝေါလေကား လမ်းတစ်လျှောက်တို့အား KNU ၊ KNLA မှ အကြမ်းဖက်မှုကိုလိုလားသောအဖွဲ့၊ NUG အဖွဲ့နှင့် ၎င်း၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက ၂၀၂၂ မေလမှ စတင်ထိန်းချုပ်၍ အဆိုပါဒေသတစ်ဝိုက်ရှိ လူနေအိမ်များ၊ ဘာသာရေးဆိုင်ရာအဆောက်အဦများ၊ စာသင်ကျောင်းများအတွင်း ဝင်ရောက်နေထိုင်ကာ အဖျက်အမှောင့်လုပ်ငန်းများလုပ်ဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်းများကြောင့် ဒေသခံတိုင်းရင်းသားများအနေဖြင့် ဘေးလွတ်ရာနေရာများသို့ ခေတ္တထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။
Dec 01, 2022
ပထမအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီအစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hilton Hotel ၌ ဆက်လက်ကျင်းပပြုလုပ်သည်။
Dec 01, 2022
(၇၅)နှစ်မြောက် စိန်ရတုစစ်လက်နက်ပစ္စည်းတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ စစ်ကြောရေးနှင့်တည်ခိုးရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ချီးမြှင့်သည်။
