Skip to main content

ဥပဒေအရာရှိအဆင့်-၄ (အစမ်းခန့်)များ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် ၁/၂၀၂၃ တွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် လမ်းညွှန်ပို့ချ

နေပြည်တော် ဧပြီ ၂၁

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာဒေါ်သီတာဦးသည် ယနေ့နံနက်ပိုင်းက ဥပဒေရေးရာဝန်ကြီးဌာနက ဖွင့်လှစ်လျက်ရှိသည့် ဥပဒေအရာရှိအဆင့်-၄ (အစမ်းခန့်)များ လုပ်ငန်း ခွင်ဝင်သင်တန်း အမှတ်စဉ် ၁/၂၀၂၃ တွင် လမ်းညွှန်ပို့ချသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေရေးရာဝန်ကြီးဌာနသည် မြန်မာနိုင်ငံလွတ်လပ်ရေးမရခင်အချိန်မှစ၍ ပြစ်မှုဆိုင်ရာအမှုများကို နိုင်ငံတော်ကိုယ်စား လိုက်ပါဆောင်ရွက်ခဲ့ပြီး ခေတ်အဆက်ဆက် နိုင်ငံတော်ကိုယ်စား အမှုလိုက်ပါဆောင်ရွက်ခြင်းနှင့် ဥပဒေအကြံဉာဏ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ဥပဒေရေးရာဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ပြစ်မှုဆိုင်ရာအမှုများနှင့် တရားမမှုများတွင် နိုင်ငံတော်ဘက်မှ လိုက်ပါဆောင်ရွက်ပေးခြင်း၊ ဥပဒေမူကြမ်းများကို စိစစ်အကြံပြုခြင်း၊ အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းများနှင့် စီးပွားရေးစာချုပ်စာတမ်းများကို စိစစ်အကြံပြုပေးခြင်းအပြင် ဥပဒေစာအုပ်များ၊ ဥပဒေဘာသာပြန်စာအုပ်များထုတ်ဝေခြင်း၊ သင်တန်းများပေးခြင်း၊ မြန်မာ့ဥပဒေ သတင်းအချက်အလက်စနစ် ဝန်ဆောင်မှုပေးခြင်းစသည့် ဥပဒေရေးရာဝန်ဆောင်မှုများကို ပုံစံမျိုးစုံဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဥပဒေပညာသင်တန်းကျောင်းကို တည်ဆောက်လျက်ရှိပြီး သင်တန်းကျောင်းဆောက်လုပ်ပြီးစီးပါက ဌာနတွင်းဝန်ထမ်းများအပြင် အခြားဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ရှေ့နေရှေ့ရပ်များအတွက်ပါ ဥပ‌ဒေအသိပညာပြန့်ပွားရေးသင်တန်းများ ဖွင့်လှစ်ပေးမည် ဖြစ်ပါကြောင်း။

ဥပဒေရေးရာဝန်ကြီးဌာနသည် ပြည်တွင်းဥပဒေရေးရာကိစ္စများ သာမက ASEAN နှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာကိစ္စများတွင်လည်း ပါဝင်ဆောင်ရွက်ရပါကြောင်း၊ သို့ဖြစ်ပါ၍ သင်တန်းသားများ အနေဖြင့် တရားစွဲအမှုလိုက်လုပ်ငန်းသာမက မိမိတို့အရည်အသွေးများ အစဉ်မြင့်မားနေစေရန် ရည်မှန်းချက်ကြီးကြီးထားပြီး ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဥပဒေအရာရှိ တစ်ဦးအနေဖြင့် လိုအပ်သည့် ဥပဒေစာအုပ်စာတမ်းများကိုလည်း မိမိတို့လက်ဝယ်တွင်ရှိရမည် ဖြစ်ကြောင်း၊ မိမိတို့ကျရာတာဝန်ကို ဆောင်ရွက်ကြရာတွင်လည်း အဂတိတရားကင်းစင်ရန် လိုအပ်သည့်အပြင် ပြည်သူနှင့်ဆက်ဆံရာတွင်လည်း ပြေပြစ်စွာပြောဆိုဆက်ဆံကြရန် လိုအပ်ပါကြောင်း၊ သင်တန်းသားများသည် ဥပဒေအရာရှိကျင့်ဝတ်များကို လိုက်နာကြရမည့်အပြင် ရိုးရိုးကျင့် မြင့်မြင့်ကြံကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်