Oct 17, 2022
ယခုလမှစ၍ မုတ်သုံရာသီ ကုန်ဆုံးပြီး ပွင့်လင်းရာသီသို့ စတင်ဝင်ရောက်ပြီ ဖြစ်သဖြင့် ရန်ကုန် ဆိပ်ကမ်းမှတစ်ဆင့် ပင်လယ်ရေကြောင်းဖြင့် နိုင်ငံတကာ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ ပုံမှန်အနေအထားသို့ ရောက်ရှိနေပြီး ပို့ကုန်များ တိုးတက် တင်ပို့လျက်ရှိနေကြောင်း သိရသည်။
Oct 17, 2022
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် ခရီးစဉ်၌ လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်အားကစားကွင်း အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Oct 17, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Oct 17, 2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များသည် ထားဝယ်မြို့၏ အနောက်မြောက်ဘက် ရေမိုင် ၆၄ မိုင်အနီး ငါးဖမ်းဝါးလတ်လှေတစ်စီး မီးလောင်နေကြောင်း သတင်းအရ အောက်တိုဘာ ၁၆ ရက် ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် သွားရောက်ရှာဖွေစိစစ်ခဲ့ရာ
Oct 17, 2022
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးအောင်ဇော်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဦးသိန်းကိုကို တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁)၌ ရုံးထိုင်၍ တရားမအထူးအယူခံမှု အမှတ်၊ ၃/၂၀၂၁ (မကွေး)၊ ၁၅ / ၂၀၂၁ ( ရန်ကုန် ) ၊ ၄၁ / ၂၀၂၀ (မွန်) ၊ ၂၁/၂၀၂၂ (ရန်ကုန်) စုစုပေါင်း တရားမအထူးအယူခံမှု (၄) မှု တို့ကို စီရင်ချက်ချမှတ်သည်။
Oct 17, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။
Oct 17, 2022
(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နေပြည်တော်၌ အောက်တိုဘာ ၁၁ ရက်မှ စတင်ကျင်းပလျက်ရှိရာ ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကဏ္ဍအလိုက် ပြိုင်ပွဲဝင်များနှင့် ပြိုင်ပွဲဝင် အုပ်ချုပ်သူများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်။
Oct 17, 2022
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ဗဟို အဆင့်) ဆဋ္ဌမနေ့ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာ အသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။
Oct 17, 2022
၁။ မြန်မာနိုင်ငံဘဏ်များအသင်းသည် အသင်းစတင်တည်ထောင်သည့် (၁.၄.၁၉၉၉) ရက်နေ့မှစ၍ မိမိအသင်းဝင်ဘဏ်များအနေဖြင့် ထုတ်ပြန် ထားသည့် တည်ဆဲဥပဒေများ၊ နည်းဥပဒေများ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်း စည်းကမ်းများအား လိုက်နာဆောင်ရွက်ခြင်းအားဖြင့် ဘဏ်လုပ်ငန်းများအား တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်စေရန် တွန်းအားပေးထိန်းကျောင်း ဆောင်ရွက်လျက်ရှိပါသည်။
Oct 17, 2022
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းတို့နှင့်အတူ အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းက မြောင်းမြမြို့ရှိ သူနာပြုသင်တန်းကျောင်းသို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
Oct 17, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းတို့သည် ယနေ့တွင် ကျရောက်သော ကမ္ဘာ့စားနပ်ရိက္ခာနေ့ကို ဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမွေးမြူရေး အခြေခံစားသောက်ကုန်ထုတ်လုပ်မှုများကြည့်ရှုပြီး နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်း (MSME) များကို ကြည့်ရှုအားပေးကြသည်။
Oct 17, 2022
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ၏ နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ ၁၆ ရက်က ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် မွန်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ တက်ရောက်ကြသည်။
Oct 17, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုးသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) Plenary Hall ၌ ကျင်းပသည့် မွန်တိုင်းရင်းသားရိုးရာ အကပြိုင်ပွဲသို့ တက်ရောက်ပြီး ပြိုင်ပွဲဝင်အဖွဲ့များ၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးသည်။
Oct 17, 2022
ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက နေပြည်တော်-တပ်ကုန်းမှတစ်ဆင့် ရန်ကုန်-တောင်ငူ-မန္တလေးလမ်း တစ်လျှောက်ကိုလည်းကောင်း၊ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော မိတ္ထီလာ- တောင်ကြီး- လမ်းပိုင်းကို လည်းကောင်း၊ တောင်ကြီးမြို့နယ် စဝ်စံထွန်း ဆေးရုံကြီး၌ သုံးထပ်လူနာဆောင် ပေ (၅၀x ၆၀) ဆောက်လုပ်နေမှုကို လည်းကောင်း၊ ဟိုပုံးမြို့ နိုင်ငံ့ဝန်ထမ်းအိမ်ရာ လေးခန်းတွဲ၊ လေးထပ်အိမ်ရာ စီမံကိန်းသို့ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များအား လိုအပ်သည်များ မှာကြားသည်။
Oct 17, 2022
တောင်အာဖရိကနိုင်ငံ ရွေးကောက်ပွဲကော်မရှင်နှင့် Association of World Election Bodies (A-WEB) တို့၏ ဖိတ်ကြားချက်အရ တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့တွင် ကျင်းပပြု လုပ်မည့် Association of World Election Bodies (A-WEB) ၏ (၅)ကြိမ်မြောက် အထွေထွေညီလာခံသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင် ဦးအောင်မိုးမြင့်တို့ တက်ရောက်မည်ဖြစ်သည်။
Oct 17, 2022
၂၀၂၂ ခုနှစ် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၈ ရက်တွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ကျင်းပမည်ဖြစ်သည်။
Oct 17, 2022
ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း (၇) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် Video Message ဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။
Oct 17, 2022
အသက်ရှင်ရပ်တည်နိုင်ရေးအတွက် ဝင်ငွေရသည့် လုပ်ငန်းတွင်ဖြစ်စေ၊ ဝင်ငွေမရသည့် လုပ်ငန်းတွင်ဖြစ်စေ အလုပ်လုပ်ကိုင်နေကြရသည့် အသက် ၁၈ နှစ်အောက် ကလေးသူငယ်များသည် ကလေးအလုပ်သမားများပင်ဖြစ်သည်။ စာသင်ခန်းတွင် ပညာသင်ကြားနေကြရမည့်အရွယ် ကလေးသူငယ်များ စားဝတ်နေရေးအလို့ငှာ လုပ်ငန်းခွင်ထဲသို့ ရောက်ရှိနေကြရခြင်းမှာ ကလေး၏အနာဂတ်ကိုသာမက နိုင်ငံ၏ အနာဂတ်ကိုပါ ထိခိုက်နစ်နာစေသည်။
Oct 16, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းမှုအရ နေပြည်တော်သို့ရောက်ရှိပြီး ငြိမ်းချမ်းရေးဆွေးနွေး ဆောင်ရွက်ခဲ့သည့် မွန်ပြည်သစ်ပါတီ (NMSP) မှ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ ပြန်လည်ထွက်ခွာသွားကြသည်။