Skip to main content

Nov 17, 2022

ဇေယျကျော်ထင်ဘွဲ့ (၁၉)ဦး

ဆက်လက်ဖတ်ရှုရန်

Nov 17, 2022

စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့များ သီရိပျံချီဘွဲ့ (၄၅) ဦး

ဆက်လက်ဖတ်ရှုရန်

Nov 17, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၁၁/၂၀၂၂ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်း

ဆက်လက်ဖတ်ရှုရန်

Nov 17, 2022

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် အမိန့်အမှတ် ၇၄/၂၀၂၂

ဆက်လက်ဖတ်ရှုရန်

Nov 17, 2022

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် အမိန့်အမှတ် ၇၃/၂၀၂၂

ဆက်လက်ဖတ်ရှုရန်

Nov 17, 2022

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် အမိန့်အမှတ် ၇၂/၂၀၂၂

ဆက်လက်ဖတ်ရှုရန်

Nov 17, 2022

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် အမိန့်အမှတ် ၇၁/၂၀၂၂

ဆက်လက်ဖတ်ရှုရန်

Nov 17, 2022

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် အမိန့်အမှတ် ၇၀/၂၀၂၂

ဆက်လက်ဖတ်ရှုရန်

Nov 17, 2022

၂ဝ၂၂ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများ ဒုတိယနေ့အဖြစ် ယနေ့နံနက် ပိုင်းတွင် သက်ဆိုင်ရာ အားကစားနည်းများအလိုက် သက်မှတ်ထားသော အားကစားကွင်း/ရုံများတွင် ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2022

နိုင်ငံတော်အစိုးရ၏ ယန္တရားကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန်သိစိတ်ဖြင့် ဆောင်ရွက်နေကြသည့် ဝန်ထမ်းများကို စိတ်လက်ပေါ့ပါးစွာ အပန်းဖြေပျော်ရွှင်မှုရရှိစေရန် ရည်ရွယ်ချက်ဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးမြှင့်တင်မှုတစ်ခုအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ခေတ်ပေါ်တေးဂီတ အဖွဲ့နှင့်တေးသံရှင်များက နိုင်ငံကျော်တေးသံရှင်များ နှင့်အတူ နေပြည်တော်ရှိ ဝန်ကြီးဌာနများသို့ လှည့်လည်ဖျော်ဖြေလျက်ရှိရာ နိုဝင်ဘာ ၁၆ ရက် ညနေ ၅ နာရီခွဲ တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ(၂)၌ ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအတွက် ကျင်းပ သည့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ သွားရောက် ဖျော်ဖြေတင်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2022

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရန် အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ် ဖြန့်ချိရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2022

လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် အဓိကအရေးကြီးဆုံးစာရင်းဇယားမှာ မဲစာရင်းဖြစ်ပြီး ထိုမဲစာရင်းသည် ပြည့်စုံမှန်ကန်ရန် လိုအပ်သည်။ ရွေးကောက်ပွဲဥပဒေအရ မဲဆန္ဒရှင်များဖြစ်ကြသည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူတိုင်းသည် ရွေးကောက်ပွဲကျင်းပ သည့်နေ့တွင် သက်ဆိုင်ရာမဲရုံအသီးသီး၌ အလိုအလျောက် ဆန္ဒမဲပေးပိုင်ခွင့်မရနိုင်ပါ။ ဆန္ဒမဲပေးနိုင်ရန်အတွက် ရွေးကောက်ပွဲဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိပြီး သက်ဆိုင်ရာမဲရုံ၏ မဲဆန္ဒရှင်စာရင်းတွင် အမည်ပါရှိသူများသာ ဆန္ဒမဲပေးပိုင်ခွင့် ရရှိမည်ဖြစ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ဆောင်ရွက်လျက်ရှိပြီး မဲစာရင်းများပြုစုရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ပြုစုလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2022

တတိယအကြိမ် အာဆီယံ-တရုတ် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဗီဒီယိုဇာတ်လမ်းတိုပြိုင်ပွဲ (3rd ASEAN-China Friendship and Cooperation Short Video Con-test) ၏ ဆုပေးပွဲအခမ်းအနား ကို နိုဝင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းက တရုတ်နိုင်ငံ ပေကျင်းမြို့ မှတစ်ဆင့် Online စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2022

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၅-၁၁-၂၀၂၂) ရက်နေ့၊ ည(၈:၀၀)နာရီမှ (၁၆-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၈,၇၃၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၆၀) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၆၉) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2022

ဘုရားသုံးဆူနယ်မြေအတွင်းရှိ သဗြုမိုင်းတွင်းဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းအား မေးမြန်းထားသည်များ ဖြေကြားမှုကို ဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2022

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ရှမ်းပြည်နယ် ဒုတိယပြည်နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ ဝန်ထမ်းများအား တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2022

တက္ကသိုလ်ကျောင်းအပ်လက်ခံမှုများကို ယခင်က နိုဝင်ဘာ ၁၈ ရက် နောက်ဆုံးထားအပ်နှံရန် သတ်မှတ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နောက်ကျနေသည့် ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံ နိုင်ရေးအတွက် နိုဝင်ဘာလကုန်အထိ စနေ၊ တနင်္ဂနွေရက်များ အပါအဝင် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း၊ နိုဝင်ဘာလ နောက်ပိုင်းတွင် ကျောင်းအပ်လက်ခံမည်မဟုတ်ပါကြောင်း ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနရှိ ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပညာရေးဝန်ကြီးဌာန၏ တက္ကသိုလ်၊ ဒီဂရီကောလိပ်များရှိ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီဒွါဒသမအစည်းအဝေး ပထမ နေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဝိဇယမင်္ဂလာဓမ္မသဘင် ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2022

ယနေ့မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့၊ ခရစ်သက္ကရာဇ် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁၇)ရက်နေ့ သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွက် လွန်စွာထူးခြား လေးနက်သော (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဖြစ်ပါသည်။ ကိုလိုနီလက်အောက် ကျရောက်ခဲ့စဉ်က နယ်ချဲ့အင်္ဂလိပ်တို့၏ ကျွန်ပညာရေးစနစ်ကို မြန်မာတစ်မျိုးသားလုံး မျိုးချစ်စိတ်အပြည့်အဝ ဖြင့် စည်းလုံးညီညွတ်စွာ ဆန့်ကျင်တော်လှန်ခဲ့သည့် အထိမ်းအမှတ် နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ မြန်မာတို့၏ သမိုင်းဝင်အမျိုးသား အောင်ပွဲနေ့အခါသမယတွင် ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ကာယသုခ၊ စိတ္တသုခနှစ်ဖြာနှင့် ပြည့်စုံကြပါစေကြောင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2022

မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကို တည့်မတ်မှန်ကန်စွာ အကောင်အထည် ဖော်ဆောင်ရွက်နေသော နိုင်ငံဖြစ်သည်။ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး ဦးတည်ချမှတ်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများ နှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေးဆောင်ရွက်နေသည်။

ဆက်လက်ဖတ်ရှုရန်