Nov 16, 2022
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ကန်ကျေးရွာအနီး၌ အရပ်မော်တော်ယဉ်တစ်စီးအား PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
Nov 16, 2022
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေး အပ်လျက်ရှိသည်။
Nov 16, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Nov 16, 2022
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ငပုတောမြို့နယ်၊ ချောင်းဝကျေးရွာရှိ ဆိုင်ကလုန်းရှပ်တာ (Sinekalone Shutter) တွင် အခြေပြု၍ ဒေသခံပြည်သူ ၁၀၄၃ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။
Nov 16, 2022
တပ်မတော်ကာကွယ်ဦးစီးချုပ်ရုံး၏ လမ်းညွှန်ချက်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့ရှိ ဝေးလံခေါင်းပါး၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ဒေသများ၌ ဒေသခံပြည်သူများ၏ ကျန်းမာရေးမြှင့်တင်ရန် အတွက် ဆရာဝန်လိုအပ်ချက်ရှိသည့် ဆေးရုံများတွင် မိမိတို့၏ သဘောဆန္ဒအလျောက် သွားရောက်တာဝန်ထမ်းဆောင်ရန် ဆန္ဒပြုထားသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများပါဝင်သည့် တပ်မတော်သားဆရာဝန် ၁၈ ဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ တပ်မတော်လေယာဉ်ဖြင့်ထွက်ခွာရာ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်လှမြင့်စိုး၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကိုကိုလွင်နှင့် တာဝန်ရှိသူများကလေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
Nov 16, 2022
နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးကို ရှေးရှု၍ နိုင်ငံအတွင်းသို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန်နှင့် ပြည်ပနိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်နိုင်ရန်အတွက် စီးပွားရေးသံမှူးများက အထူးကြိုးပမ်းဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ပြည်ပနိုင်ငံများတွင် သွားရောက် တာဝန်ထမ်းဆောင်ကြမည့် စီးပွားရေးသံမှုးများကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားစဉ် ထည့်သွင်းမှာကြားသည်။
Nov 16, 2022
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၄ ရက် မွန်းလွဲ ၃ နာရီတွင် ဘားအံမြို့နယ် ကော့ခမိတ်ကျေးရွာအနီး ဘားအံ-အိန္ဒုသွားကားလမ်းတွင် ထွန်းမြတ်ဝင်း(ခ)ဂျိုကာမောင်းနှင်ပြီး ကျော်ရာဇာမင်းလိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၇၀ ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ည ၁၂ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်
Nov 16, 2022
ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန အနာကြီးရောဂါတိုက်ဖျက်ရေးစီမံချက်၏ နှစ်ပတ်လည်လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းများနှင့်အညီကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။
Nov 16, 2022
ပဉ္စမအကြိမ်မြောက် သမုဒ္ဒရာနှင့်ကမ္ဘာမြေသိပ္ပံဆိုင်ရာ သုတေသနညီလာခံ စာတမ်းဖတ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ ဒဂုံတက္ကသိုလ်(ဘွဲ့နှင်းသဘင်ခန်းမ)၌ ကျင်းပသည်။
Nov 16, 2022
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာကဏ္ဍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနရှိ ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 16, 2022
ကုမ္ပဏီ ၁၈ ခုနှင့် ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ ၁၁ ခုတို့ပါဝင်ပြသသည့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Novotel Hotel ၌ ကျင်းပသည်။
Nov 16, 2022
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ကောင်စီ(၁/၂၀၂၂)အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် Seminar Hall ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ကျင်းပသည်။
Nov 16, 2022
နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် စစ်ဆေးရှာဖွေမှုများနှင့်လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များကို နေ့ညမပြတ် ဆောင်ရွက်လျက်ရှိသည်။
Nov 16, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့နယ်အတွင်း တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းနှင့် စားသောက်ကုန်ပစ္စည်းများ(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၇၂၀၀၀၀)ကိုလည်းကောင်း၊ နိုဝင်ဘာ ၁၃ ရက် နှင့် ၁၄ ရက်တို့တွင် အင်းတော်မြို့နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ်နှစ်စီး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၀၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၀၇၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Nov 16, 2022
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် သုတေသနလေ့လာရေးခရီးစဉ်နှင့် (၁၂)ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ် (၂၀၂၂)တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးလွင်ဦး၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သိပ္ပံနှင့်အဆင့်မြင့်ပညာဝန်ကြီးဌာနဝန်ကြီး H.E . Valery Falkov အား အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ သွားရောက်တွေ့ဆုံသည်။
Nov 16, 2022
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် သုတေသနလေ့လာရေးခရီးစဉ်နှင့် (၁၂)ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှု ဖိုရမ်(၂၀၂၂)တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင်ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းတွင် မော်စကိုမြို့အနီးရှိ Zagorskaya PSPP ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို သွားရောက်လေ့လာကြသည်။
Nov 16, 2022
၂၀၂၂ ခုနှစ် “ကမ္ဘာ့ဆီးချိုသွေးချို ရောဂါကာကွယ်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) သင်ကြားရေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းကကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Nov 16, 2022
ကုန်သည်လမ်းရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ကမ်းနားလမ်းရှိ အကောက်ခွန်ရုံးနှင့် သိမ်ဖြူလမ်းရှိဝန်ကြီးများရုံး (အတွင်းဝန်ရုံး) အဆောက်အအုံများတွင် ရှေးဟောင်းအဆောက်အအုံကမ္ပည်းမော်ကွန်း ကြေးပြားတပ်ဆင်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် သက်ဆိုင်ရာအဆောက်အအုံများ၌ ကျင်းပသည်။
Nov 16, 2022
၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။