Skip to main content

မုန်တိုင်းသင့်ပြည်သူများအတွက် ထိုင်းနိုင်ငံမှပေးပို့သည့် အကူအညီပစ္စည်းများ ရောက်ရှိ

ရန်ကုန် မေ ၂၃

ထိုင်းနိုင်ငံရှိ ပုဂ္ဂလိကကဏ္ဍ၊ ထိုင်းကြက်ခြေနီအသင်း၊ ထိုင်း-မြန်မာ ချစ်ကြည်ရေးအသင်းတို့က မိုခါမုန်တိုင်းဘေးသင့်သူများအတွက် ပေးပို့လှူဒါန်းသည့် ယာယီတဲများ၊ အမိုးအကာများ၊ ဆိုလာမီးအိမ်များ၊ ကယ်ဆယ်‌ရေးအိတ်များ၊ ဆေးစိမ်ခြင်ထောင်များ၊ ငါးသေတ္တာများနှင့် အသင့်စားခေါက်ဆွဲခြောက်များပါဝင်သော လူသားချင်းစာနာမှု အကူအညီပစ္စည်းများ သယ်ဆောင်လာသည့် ထိုင်းတော်ဝင်လေတပ်မှ C-130 လေယာဉ် နှစ်စင်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိသည်။

အဆိုပါ အကူအညီပစ္စည်းများကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး မစ္စတာ မုံခွန်း ဝိစစ်စတန်က လွှဲပြောင်းပေးအပ်သည်။

ထိုသို့လွှဲပြောင်းပေးအပ်ရာ နေရာသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။

ထိုင်းနိုင်ငံရှိ ပုဂ္ဂလိကကဏ္ဍ၊ ထိုင်းကြက်ခြေနီအသင်း၊ ထိုင်း-မြန်မာ ချစ်ကြည်ရေးအသင်းတို့က ပေးပို့လှူဒါန်းသည့် လူသားချင်းစာနာမှု အကူအညီပစ္စည်းများကို မိုခါမုန်တိုင်းဒဏ်သင့်ဒေသများရှိ ပြည်သူများ ထံ ဆက်လက်ပေးပို့ဖြန့်ဖြူးသွားမည် ဖြစ်သည်။

သတင်းစဉ်