Skip to main content

လေကြောင်းနှင့် အာကာသဆိုင်ရာပြခန်းဖွင့်ပွဲနှင့် ကမ္ဘာ့ပထမဆုံးအာကာသယာဉ်မှူး ယူရီဂါဂါရင်ရုပ်တုလွှဲပြောင်းလက်ခံပွဲ အခမ်းအနားကျင်းပ

နေပြည်တော် မေ ၂၃

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်ရှိ လေကြောင်းနှင့်အာကာသဆိုင်ရာ ပြခန်းဖွင့်ပွဲနှင့် ကမ္ဘာ့ပထမဦးဆုံး အာကာသယာဉ်မှူး ယူရီဂါဂါရင်၏ ရုပ်တုလွှဲပြောင်း လက်ခံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်၌ ကျင်းပသည်။

အခမ်းအနားသို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး Dr. Nikolay Listopadov ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ သံရုံးအရာရှိများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ လေကြောင်းနှင့် အာကာသဆိုင်ရာ ပြခန်းဖွင့်ပွဲ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ကမ္ဘာ့ပထမဆုံး အာကာသယာဉ်မှူး ယူရီဂါဂါရင်ရုပ်တုလွှဲပြောင်းလက်ခံပွဲ အခမ်း အနား ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာ နိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ် ကြီး Dr. Nikolay Listopadov တို့က အမှာစကား ပြောကြား ကြသည်။

ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့် သံအမတ်ကြီးတို့က ကမ္ဘာ့ပထမဆုံး အာကာသယာဉ် မှူး ယူရီဂါဂါရင်ရုပ်တုကို စက် ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ ကြောင်း သိရသည်။

သတင်းစဉ်