Skip to main content

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်နယ်များ၏ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် တပ်ရင်း/တပ်ဖွဲ့များအား ကြည့်ရှုစစ်ဆေးပြီး ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း

နေပြည်တော် မေ ၂၃

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၌ ရောက်ရှိနေသော ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး သည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက ဘူးသီးတောင်တပ်နယ်ရှိ မုန်တိုင်းသင့်၍ ပျက်စီးခဲ့သော နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များရှိ အဆောက်အအုံများအား လိုက်လံကြည့်ရှုကာ ပြန်လည်ပြုပြင် တည်ဆောက်နိုင်ရေး မှာကြားခဲ့ပြီး အိမ်ထောင်သည်ရဲမေများအား တွေ့ဆုံအားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)သည် အဆိုပါတပ်နယ်တပ်ရင်းများ၌ မွေးမြူထားသည့် ဥစားကြက် မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှု၍ ဥနှုန်းများ သတ်မှတ်နှုန်းထား ပြန်လည်ပြည့်မီနိုင်ရေး ဆောင်ရွက်ရန် လိုအပ်သည်များ မှာကြားပြီး အိမ်ထောင်သည် လိုင်းများတွင် စိုက်ပျိုးထား သည့် မိသားစုများ၏ တစ်နိုင်တစ်ပိုင် စိုက်ခင်းများအား လိုက်လံကြည့်ရှုသည်။

ဆက်လက်၍ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့်အဖွဲ့သည် ကံစောက်နယ်မြေခံတပ်ရင်း များ၏ မုန်တိုင်းသင့်၍ ပျက်စီးခဲ့သော အဆောက်အအုံများအား ပြန်လည်ပြင်ဆင်နေမှုကို ကြည့်ရှု၍ ပျက်စီးမှုရာခိုင်နှုန်းများအလိုက် ဦးစားပေးအဆင့် သတ်မှတ်ကာ ပြန်လည်ပြင်ဆင် တည်ဆောက်သွားရန် မှာကြားပြီး အိမ်ထောင်သည်ရဲမေ၊ မိသားစုဝင်များအားတွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ပြီး စားသောက် ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ထိုမှတစ်ဆင့် ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်အဖွဲ့ သည် ကျောက်တော်တပ်နယ်သို့ ရောက်ရှိရာ တာဝန်ရှိသူများမှ ကြိုဆိုကြသည်။ ထို့နောက် ကျောက်တော်တပ်နယ်ရှိ မုန်တိုင်းသင့်၍ ပျက်စီးခဲ့သော နယ်မြေခံတပ်ရင်း/ တပ်ဖွဲ့များရှိ အဆောက် အအုံများအား လိုက်လံကြည့်ရှု၍ ပြင်ဆင်ဆောင်ရွက်သွားရန် မှာကြားပြီး အိမ်ထောင်သည် ရဲမေများအား တွေ့ဆုံ၍ အားပေး စကား ပြောကြားခဲ့ပြီး စားသောက် ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။ ထိုမှတစ်ဆင့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့်အဖွဲ့သည်ကျောက် တော်မြို့နယ်ရှိ မဟာမုနိရုပ်ပွား တော်မြတ်ကြီးအား ဖူးမြော်၍ ပန်း၊ ရေချမ်း ကပ်လှူပြီး ဘက်စုံပြုပြင်ရန်အတွက် အလှူငွေများ လှူဒါန်းရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

ထိုမှတစ်ဆင့် ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့် အဖွဲ့သည် မြောက်ဦးတပ်နယ် သို့ ရောက်ရှိရာ တာဝန်ရှိသူများ က ကြိုဆိုကြသည်။ ထို့နောက် မြောက်ဦးတပ်နယ်ရှိ မုန်တိုင်းသင့် ၍ ပျက်စီးခဲ့သော နယ်မြေခံ တပ်ရင်း/တပ်ဖွဲ့များရှိ အဆောက်အအုံများအား လိုက်လံကြည့်ရှု၍ ပြန်လည်ပြုပြင်တည်ဆောက်ရေး အတွက် လိုအပ်သည်များ မှာကြား ပြီး အိမ်ထောင်သည်ရဲမေများ အား တွေ့ဆုံ၍ အားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာ များနှင့် ထောက်ပံ့ငွေများ ပေးအပ် ခဲ့သည်။ ဆက်လက်၍ နယ်မြေခံလုံခြုံရေးရဲတပ်ဖွဲ့ခွဲသို့ ရောက်ရှိပြီး မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွား ခဲ့သည့် အဆောက်အအုံများအား လိုက်လံကြည့်ရှု၍ ပြန်လည် ပြုပြင် တည်ဆောက်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး မိသားစုဝင်များအား တွေ့ဆုံအားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့် အဖွဲ့သည် မင်းပြားတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်းကျောင်းရှိ ပေါင်းစည်းလယ်ယာ ဘက်စုံစိုက်ပျိုး/မွေးမြူရေးခြံတွင် မွေးမြူထားသော ဥစားကြက်မွေးမြူ ရေးခြံများ၊ DYL အသားတိုးဝက် မွေးမြူရေးခြံနှင့် ဆိတ်မွေးမြူရေးခြံတို့ကို လိုက်လံကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့သည်။ ထို့နောက် နယ်မြေခံသင်တန်းကျောင်းရှိ မုန်တိုင်းသင့်၍ ပျက်စီးခဲ့သော အဆောက်အအုံများ၊ သင်တန်းသားအိပ်ဆောင်၊ စာသင် ဆောင်နှင့် စားချက်ဆောင်များကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

ဆက်လက်၍ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်အဖွဲ့သည် နယ်မြေခံသင်တန်းကျောင်းရှိ အောင်စစ်သည်ခန်းမ၌ အရာရှိ၊ စစ်သည်၊ နည်းပြများ၊ သင်တန်းသားများနှင့် အိမ်ထောင်သည် ရဲမေများအား တွေ့ဆုံ၍ အမှာစကားပြောကြားပြီး စားသောက် ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့်အဖွဲ့သည် သင်တန်းကျောင်း အစည်းအဝေးခန်းမ၌ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားခဲ့သော အဆောက်အအုံများ ပြန်လည်ပြုပြင် တည်ဆောက်နိုင်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကိုကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်၍ တက်ရောက်လာသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက်တင်ပြချက်များနှင့်ပတ်သက်၍ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)က ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်