နေပြည်တော် မေ ၂၃
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦအေးကျော်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့တွင် အလွန့်အလွန် အင်အားပြင်းထန်သော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ် စစ်တွေမြို့ ၆၆/၁၁ ကေဗွီ ဓာတ်အားခွဲရုံ အမှတ် (၁) နှင့် ၆၆/၁၁ ကေဗွီ အမှတ် (၂) ဆတ်ရိုးကျ ဓာတ်အားခွဲရုံတို့အတွင်းရှိ ပြန်လည်ပြင်ဆင်နေမှုများနှင့် ဓာတ်အားလိုင်းများ ပြုပြင်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် ပြည်နယ်အင်ဂျင်နီယာရုံး၊ ဧည့်ရိပ်သာသန့်ရှင်းရေး ဆောင်ရွက်ထားရှိမှု၊ စစ်တွေမြို့ မေယုလမ်းမတစ်လျှောက်၊ မင်းဘာကြီးလမ်းတစ်လျှောက်နှင့် ပြည်နယ် လွှတ်တော်လမ်းတစ်လျှောက် ဖြန့်ဖြူးရေးဓာတ်အားလိုင်းများ ပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ၆၆/၁၁ကေဗွီ ဓာတ်အားခွဲရုံအမှတ် (၁)၊ Control Room နှင့် လေဘေးကြောင့် ပျက်စီးသွားသည့် မီးစက်အဆောက် အအုံ၊ စစ်တွေမြို့နယ် လျှပ်စစ်အင်ဂျင် နီယာရုံး ငွေလက်ခံကောင်တာနှင့် ခွဲရုံဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာများ၊ ပစ္စည်းသိုလှောင်ရေး အဆောက်အအုံများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး မှာကြားကာ ဝန်ထမ်းနှင့်မိသားစုများအား တွေ့ဆုံအားပေးစကား ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်နယ်လျှပ်စစ်အင်ဂျင် နီယာရုံး၌ အင်ဂျင်နီယာချုပ်၊ ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာ၊ ဘဏ္ဍာရေးတာဝန်ခံ၊ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ပြီး ၆၆/၁၁ ကေဗွီ အမှတ်(၂)ဆတ်ရိုးကျ ဓာတ်အားခွဲရုံ ဝင်းအတွင်းရှိ လေဘေးကြောင့် ပျက်စီးသွားသည့် ဝန်ထမ်းအိမ်ရာများ အခြေအနေ၊ ဓာတ်အားခွဲရုံ Switch Yard အတွင်း ပျက်စီးသွားသည့် ဓာတ်အားခွဲရုံ ဆက်စပ်ပစ္စည်းများ ပြန်လည်ပြင်ဆင်နေမှု အခြေအနေနှင့် စစ်တွေလေဆိပ် လမ်းတစ်လျှောက်ရှိ ဓာတ်အားဖြန့်ဖြူးရေးလိုင်းများ ပြုပြင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဆောင်ရွက်ပေးသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် အင်ဂျင်နီယာချုပ်၊ ညွှန်ကြားရေးမှူး၊ ဒုတိယအင်ဂျင်နီယာချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး များမှ လုပ်ငန်းလာရောက်ဆောင်ရွက် သော တာဝန်ရှိသူများကို တွေ့ဆုံ၍ သဘာဝဘေးအန္တရာယ် မိုခါမုန်တိုင်း ကြောင့် ပျက်စီးခဲ့မှုများမှ ဓာတ်အားအမြန်ဆုံး ပို့လွှတ်ဖြန့်ဖြူးနိုင်ရေး၊ ဓာတ်အားခွဲရုံများ၊ ဓာတ်အားပို့လွှတ်ရေးလိုင်းများနှင့် မြို့တွင်းဓာတ်အားဖြန့်ဖြူးရေးလိုင်းများ ပြန်လည်ပြင်ဆင် တည်ဆောက်ခြင်း လုပ်ငန်းများအမြန်ဆုံးဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်