Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဒဂုံမြို့နယ် သမဝါယမအသင်းစု ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကျင်းပ
Feb 20,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်၊ မုဒုံမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ဥပဒေအသိပညာပေး ဟောပြော
Feb 20,2024
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ မုဒုံမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းက ကျင်းပပြုလုပ်သည့် ဥပဒေအသိပညာပေး ဟောပြောပို့ချခြင်းကို ယနေ့နံနက်(၈)နာရီက မုဒုံမြို့၊ အိမ်တွင်းမှုသက်မွေးပညာ သင်တန်းကျောင်း၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်၊ ပြည်နယ်ဥပဒေအရာရှိ၊ခရိုင်ဥပဒေအရာရှိ၊ မြို့နယ်ဥပဒေအရာရှိ၊ အမျိုးသမီးအိမ် တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် လက်ထောက်ညွန်ကြားရေးမှူး တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့နယ်အတွင်းရှိ နွေစပါးစိုက်ခင်း၊ သစ်ရွက်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) နှင့် နေကြာမျိုးစေ့ထုတ်စိုက်ခင်းတို့အား ကွင်းဆင်းစစ်ဆေးကြည့်ရှု
Feb 20,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ နွေစပါးစိုက်ခင်း၊ သစ်ရွက်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) နှင့် ဆီထွက်သီးနှံနေကြာ မျိုးစေ့ထုတ်စိုက်ခင်းတို့ စိုက်ပျိုးထားရှိမှု အခြေအနေနှင့် အထွက်နှုန်းကောင်းမွန်အောင် လိုအပ်သည်တို့ကို အကူအညီပေးနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများပူးပေါင်းကာ ယနေ့နံနက်က အဆိုပါစိုက်ခင်းများသို့ လိုက်လံကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း ဆောင်ရွက်
Feb 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီက ညောင်တုန်းမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်၌ မြို့နယ်အဆင့် မကျန်းမာသောမွေးကင်းစကလေးနှင့် ကလေးပေါင်းစည်းကုသခြင်းလုပ်ငန်း (အသက် (၂) လမှ (၅) နှစ်အောက်) ဆင့်ပွားသင်တန်းဖွင့်လှစ်
Feb 20,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းတွင် (၅) နှစ်အောက်ကလေးများ သေဆုံးမှုလျော့ချနိုင်ရန်၊ ကျန်းမာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုကောင်းမွန်စေရန်၊ လက်စွဲကတ်ပြားနှင့် ကုသမှုမှတ်တမ်းပုံစံများ စနစ်တကျအသုံးပြုတက်စေရန် ရည်ရွယ်၍ ယမန်နေ့က မြို့နယ်အဆင့် မကျန်းမာသော မွေးကင်းစကလေးနှင့် ကလေးပေါင်းစည်းကုသခြင်းလုပ်ငန်း (အသက် (၂) လမှ (၅) နှစ်အောက်) ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းသာမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများအား တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး
Feb 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များကို ကြိုတင်၍ ကာကွယ်ဆောင်ရွက်နိုင်ရန်အတွက် မီးဘေးကာကွယ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ ယနေ့နံနက် (၉) နာရီက တာဝန်ရှိသူများအဖွဲ့က တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ်မြို့နယ်တွင် အသက် ၆ လမှ ၅ နှစ်ထိ ကလေးငယ်များအား ဗီတာမင် A မျက်စိအားဆေးနှင့် သံကျဆေးတိုက်ကျွေး
Feb 20,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အသက် ၆ လမှ ၅ နှစ်အထိ ကလေးငယ်များအား ဗီတာမင် A မျက်စိအားဆေးနှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်း၌ ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဇမ္ဗူသီရိမြို့နယ်၊ သာယာကုန်းကျောင်းတိုက်၌ အသံမစဲဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကျင်းပ
Feb 20,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ အသံမစဲဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရွှေကြာပင်ရပ်ကွက်၊ သာယာကုန်းကျောင်းတိုက်၌ ကျင်းပရာ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက် သံဃနာယကဥက္ကဋ္ဌ၊ သာယာကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော်ဘဒ္ဒန္တဝါသဝ မထေရ်မြတ်အမှူးပြုသည့် ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9693
Page
9694
Page
9695
Page
9696
Current page
9697
Page
9698
Page
9699
Page
9700
Page
9701
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department