အမြို့မြို့အနယ်နယ်သတင်းများ

Aug 20,2023
ရခိုင်ပြည်နယ်၊ မိုခါမုန်တိုင်းကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် သွားရောက်၍ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မီးသတ်တပ်ဖွဲ့ဝင်များ မိခင်ဌာနများသို့ အပြန်ခရီးတွင် ရန်ကုန်ဆိပ်ကမ်းသို့​ ယမန်​နေ့က ရောက်ရှိ​ခဲ့​ကြောင်း သိရသည်။
Aug 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးရာသီကော်ဖီ(သီးနှံ) စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က (၃)ဘဝသစ်ကျေးရွာ ပျဥ်ဒရယ်ကြိုးဝိုင်း တောင်သူ ဦးသိန်းအောင်၏ စိုက်ဧက(၄)ဧကတွင် မိုးရာသီကော်ဖီ(သီးနှံ)စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ခဲ့ကြသည်။
Aug 20,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူငယ်ရေးရာကော်မတီ၊ အခြေခံပညာဦးစီးဌာန (အ.ထ.က) မြစ်သားတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက ကျန်စစ်သားအစည်းအ‌ဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Aug 20,2023
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ၁၁ ဒသမ ၈၂၅သန်းဖြင့် ကျေးလက်ရေရရှိရေးအတွက် ရေကန်တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။
Aug 20,2023
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က ကြီးမှူးပြုလုပ်သော လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် သက်ငယ်မုဒိန်းအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီခွဲအချိန်က ပန်းအိုင်အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Aug 20,2023
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က ဝါးခွကျေးရွာ၊ ဝါးခွတောင်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။