အမြို့မြို့အနယ်နယ်သတင်းများ

Aug 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါမဖြစ်စေရေး၊ ပိုးလောက်လန်းများ ပေါက်ပွားမှုူမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာပေးခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။  
Aug 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ GRET ရုံးအဖွဲ့၏ စီမံကိန်းဖြင့် ဘိုကလေးမြို့နယ်အတွင်းမှ စိုက်ပျိုးရေးတောင်သူများစုဖွဲ့ထားသော “အိမ်ရှင်မ” သီးနှံများ ဓာတုကင်းလွတ်စွာ စိုက်ပျိုးရောင်းချရေးအဖွဲ့မှ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊
Aug 22,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အနောက်ပလင်းကျေးရွာ၌ စက်ဖြင့်ရိုက်နှိပ်သည့် အရည်အသွေးကောင်း စက်ရိုက်အုတ်နီများ ထုတ်လုပ်ရောင်းချနေကြောင်း ဇော်ညီ အကိုစက်ရိုက်အုတ်လုပ်ငန်းလုပ်ကိုင်သည့် မိသားစုထံမှသိရသည်။
Aug 22,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများစုပေါင်း၍ ပလပ်စတစ်အိတ် ကြွပ်ကြွပ်အိတ် သုံးစွဲမှုလျှော့ချရေးအသိပညာပေးနှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၈)နာရီက မင်းလှမြို့ ဇေယျာသီရိဈေးတွင် ဆောင်ရွက်ခဲ့သည်။
Aug 22,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် နယ်လှည့်ဟောပြောပွဲ၊ စာဖတ်ဝိုင်းနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲများကို အခြေခံပညာကျောင်းများသို့ လစဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာမူလတန်းကျောင်း (ကြာရှော)၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 22,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်၊ မြို့သစ်(၂)လမ်းထိပ်  ကြက်ခြေနီအသင်းခွဲရုံး၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရာက်ကြသည်။ ရှေးဦးစွာ ပေါင်မြို့နယ် ကြက်ခြေနီအသင်းခွဲရုံးအဆောက်အဦအား ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြသည်။
Aug 22,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၆၀) စက်မှုလယ်ယာစခန်းမှ မိုးစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့က ရွဲသီးလမ်းဘေး ရေတွင်းကျေးရွာအုပ်စု၊ လိပ်တက်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Aug 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတတိုးပွားရေးအတွက် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြသခဲ့သည်။