အမြို့မြို့အနယ်နယ်သတင်းများ

Aug 22,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ အသက် ၁၂ နှစ်နှင့် အသက် ၁၈ အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အခြေခံပညာအထက်တန်းကျောင်းတွင် ထိုးနှံပေးသည်။
Aug 22,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ အသက်(၁၀)နှစ်နှင့်အထက်ရှိပြီး နိုင်ငံ သားစိစစ်ရေးကတ်ပြားရှိသည့် ကျောင်းသား၊ ကျောင်းသူများအား Biometric Data ကောက်ယူခြင်းနှင့် UID နံပတ်ထုတ်ပေးခြင်းကို ယမန်နေ့ နေ့လယ် ၁၁ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ စတင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Aug 22,2023
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ် ရေဝင်ရောက်မှုကြောင့် ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် မာန်မြေကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာကျောင်း(၃)ကျောင်းကို ဩဂုတ် ၂၁ ရက်နေ့ကစ၍ ယာယီပိတ်ထားလိုက်ကြောင်း သိရသည်။
Aug 22,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရိစ္ဆာန်ရောဂါ ကာကွယ်၊ ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုဆိုင်ရာ ရက်သတ္တပတ်အထိမ်းအမှတ်အဖြစ် ဩဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲ(၁)နာရီက ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 22,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်(၈)နာရီခွဲက မင်းလှ အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား ၊ကျောင်းသူများအား ဖြန့်ဝေပေးခဲ့သည်။        
Aug 22,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Aug 22,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ်(အ.ထ.က)မြစ်သားကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ လူငယ်လူရွယ်လေးများ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်(၉)နာရီက ကျန်စစ်သားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Aug 22,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့တွင် မူးယစ်ဆေးဝါးနှင့်လူကုန်ကူးမှုအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က  အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မိုင်းလီ၌ ဆောင်ရွက်ခဲ့သည်။