Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကယားပြည်နယ်အစိုးရအဖွဲ့၏ရန်ပုံငွေဖြင့် အဆင့်မြှင့် ကတ္တရာကွန်ကရစ်လမ်း ခင်းကျင်းနေမှုများအား ကြည့်ရှုစစ်ဆေး
Aug 20,2023
ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ပြည်နယ်အတွင်းလမ်းများ၏ လမ်းအရည်အသွေးဆိုင်ရာလုပ်ငန်းစဉ်များ ပြည့်စုံမှန်ကန်ကိုက်ညီမှုရှိစေရေးနှင့် လမ်းအဆင့်မြှင့်တင်ရေးတို့အတွက် ပြည်နယ်လမ်းဦးစီး မှထေးဌားလျားကန်နှင့် လွိုင်ကော်တက္ကသိုလ်ကြားရှိ ဖဖော်လမ်း၊ အဆင့်မြှင့် ကတ္တရာကွန်ကရစ်ခင်းကျင်းနေမှုများကို ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စားရေရိက္ခာဖူလုံပိုလျှံရေး ဝက်/ဆိတ်မွေးမြူရေးဇုန်သီးသန့်ဖော်ထုတ်မှုအား ကြည့်ရှုစစ်ဆေး
Aug 20,2023
ဒေသတွင်း မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ပြီး စားရေရိက္ခာဖူလုံ၍ ပိုလျှံသည်များအား ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးဘေးရှိ စက်မှုဇုန်အနောက်ဘက် မိဇံကျေးရွာ၊ ပတုပ်စားကျက်ကွင်းနှင့် ပတုပ်တောင်ကွင်းတို့တွင် ဝက်မွေးမြူရေးဇုန်သီးသန့်နှင့် ဆိတ်မွေးမြူရေးဇုန် သီးသန့်တို့ကို ဖော်ဆောင်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီခန့်က ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လယ်ဝေးမြို့၌ ခြောက်တန်းသွား ကောက်စိုက်စက်ဖြင့် မိုးစပါးသရုပ်ပြစိုက်ပျိုး
Aug 20,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သဲကောကြီးကျေးရွာတွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်( ၄၇ ) စက်မှုလယ်ယာစခန်းမှ ခြောက်တန်းသွား ကောက်စိုက်စက်ဖြင့် မိုးစပါးသရုပ်ပြစိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈နာရီခွဲက ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးနိုင်ဦး၊ ခရိုင်ဦးစီးမှူး ဦးမျိုးဇော်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးမြင့်ဆောင်၊ အဖွဲ့ဝင်ဦးဝင်းအောင်နှင့် မြို့နယ်စက်မှုလယ်ယာဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မှော်ဘီမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Aug 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင် မှော်ဘီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် အခြေခံပညာဉီးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း (ညောင်နှစ်ပင်)၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်ကော်မြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်
Aug 20,2023
ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့ရွာသန့်ရှင်းသာယာလှပရေး၊ ခြင်အန္တရာယ်နှင့် အခြားရောဂါများကင်းဝေးရေးအတွက် ဌာနဆိုင်ရာရုံးအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် ဝန်ထမ်းအိမ်ရာများတွင် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့ ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Aug 20,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကမ်းနားလမ်းရှိ We Love Myitkyina ဆိုင်းဘုတ်အနီး အလှပန်းခြံငယ်၊ ဈေးဆိုင်ခန်းများဖြင့် အများပြည်သူအပန်းဖြေနိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိရာ ယမန်နေ့ညနေ ၃ နာရီက ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဌာနဆိုင်ရာများနှင့်အတူ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (စစ်တွေ) ၌ အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ
Aug 20,2023
စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(စစ်တွေ)တို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးနှင့် မနောကွင်းအတွင်း သစ်ပင်ပေါင်း ၃၀၀၀၀ ကို စုပေါင်းစိုက်ပျိုးပေးပြီး မြစ်ကြီးနားတက္ကသိ…
Aug 20,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ မြို့ရွာများသန့်ရှင်းသာယာလှပစေရေး အပတ်စဉ် စနေနေ့တိုင်းစုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဘုရားကျောင်းကန်နေရာများ၊ အများပြည်သူဝင်/ ထွက်သွားလာရာနေရာများ၊ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီတွင် မြစ်ကြီးနားမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9694
Page
9695
Page
9696
Page
9697
Current page
9698
Page
9699
Page
9700
Page
9701
Page
9702
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department