အမြို့မြို့အနယ်နယ်သတင်းများ

Aug 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူး၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်း စိုပြေစေရန်၊ မုန်တိုင်းဒဏ်ကာကွယ်နိုင် စေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ လေကာအုန်းပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်(၉)နာရီက လှည်းကူးမြို့နယ်၊ ဒါးပိန်တောင်ကျေးရွာ၊ ဒါးပိန်-သပြု ကားလမ်းဘေးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 20,2023
ကျောင်းသား၊ကျောင်းသူများ ကိုယ်ကာယကြံ့ခိုင်မှုရှိစေရန်နှင့် ဉာဏ်ပညာအရည်အသွေးမြင့်မား တိုးတက်မှုရှိစေရန်၊ အချင်းချင်းစည်းလုံးညီညွတ်မှုရှိစေရန် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)၌ ဩဂုတ် ၁၈ ရက်ညနေ (၃) နာရီက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိုးရာသီ ဖူဆယ်အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 20,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အထည်ချုပ်လုပ်ငန်းရှင်များအသင်းနှင့် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မော်တာအပ်ချုပ်စက်နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါသင်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Aug 20,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား စားသောက်ရေးများအဆင်ပြေစေရန်နှင့် ၎င်းတို့လိုအပ်သည့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်စေရန်အတွက် ယနေ့နံနက်ပိုင်းက အစိုးရရပ်ကွက်၊ မြေစာရင်း လမ်းဆုံနေရာ၌ ဝက်သား၊ ကြက်သား၊ ဘဲသားနှင့် ကြက်ဥများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။
Aug 20,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရန်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ငွေလုံးငွေရင်း တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၁၆ဒဿမ၁၂၅)ကျပ်သန်းဖြင့် မြို့သစ်မြို့လယ်ပြင်ရပ်ကွက်၊ ပုလဲလမ်း ကတ္တရာခင်းခြင်းကို ဇူလိုင်လအတွင်းက စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ရာခိုင်နှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ အဆိုပါလမ်းသည် အရှည်ပေ(၆၄၅)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၉)လက်မရှိပြီး ပုလဲလမ်းကတ္တရာခင်းခြင်းလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး မြို့သစ်မြို့ စည်ပင်သာယာရေးအဖွဲ့က အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးခဲ့သည်။
Aug 20,2023
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲနွားတိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့်ရောဂါများအား ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်က ဒရယ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် အသိပညာပေးဟောပြောပွဲနှင့် ကျေးရွာအတွင်း ကာကွယ်ဆေးထိုးနှံခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Aug 20,2023
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မိုးရာသီကာလ၌ ကျွဲ၊ နွားများတွင် ဖြစ်ပွားတက်သည့် ပေါင်ပုတ်လက်ပုတ်လည်ချောင်းနာရောဂါနှင့် ဝက်နားရွက်ပြာရောဂါများအား ကြိုတင်ကာကွယ်နိုင်စေရေးအတွက် ဩဂုတ်လ ၁၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊  ကြာအင်းရွှေဒိုးကျေးရွာအုပ်စုတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Aug 20,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ် ယခုနှစ်မိုးရာသီတွင် မိုးစပါး(၁၂၁၀၆)ဧကကို စိုက်ပျိုးသွားရန် စီစဉ်ဆောင်ရွက်ထားရှိရာ ယခုအချိန်ထိ မိုးစပါးဧက(၅၂၁၀)ကို စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း သိရှိရသည်။