အမြို့မြို့အနယ်နယ်သတင်းများ

Feb 20,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် သန်းကုန်းကျေးရွာတွင် ထိုင်ဝမ်သင်္ဘောစိုက်ခင်းများ စိုက်ပျိုးရောင်းချကာ နေ့စဉ်ပုံမှန်ဝင်ငွေရရှိကြောင်း ထိုင်ဝမ်သင်္ဘောစိုက်ခင်းပိုင်ရှင် ဦးသိန်းမြင့်ထံက သိရသည်။
Feb 20,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် အမှတ်(၁)ရပ်ကွက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာ လက်ကမ်း စာစောင်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက ဖြန့်ဝေခဲ့သည်။
Feb 20,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ဒုတိယအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို ဖေဖော်ဝါရီလ (၁၅)ရက်နေ့မှ (၁၉)ရက်နေ့အထိ နံနက် ညနေ နှစ်ပိုင်းခွဲ၍ (၅)ရက်တိုင်တိုင် တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပအောင်မြင် ပြီးစီးခဲ့ကြောင်း သိရသည်။
Feb 20,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပဲခူးတိုင်းဒေသကြီးအသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီကကြီးမှူး၍ “ကြိမ်၊ ဝါးအခြေခံ လက်မှုထည် ထုတ်လုပ်မှု နည်းပညာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် (၉:၃၀) နာရီအချိန်က ကျင်းပပြုလုပ်သည်။
Feb 20,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြိုနယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့်စာစစ်ဌာနများသို့ ယမန်နေ့ကစတင်၍ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။   
Feb 20,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဘက်စုံသုံးခန်းမတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။
Feb 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့အတွင်းရှိ အသက် (၅၀) နှစ်အ ထက်ပြည်သူများအား ယနေ့နံနက် (၁၀) နာရီမှ စတင်၍ အမှတ်(၃) ရပ်ကွက် ၊ ဟိုတယ်ဇုံလမ်း ရှိ ကျေးလက်ကျန်းမာရေးဌာနခွဲရုံး၌ ဂျာမနီနိုင်ငံထုတ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ( Pfizer)စတင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Feb 20,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ခရိုင်ပညာရေးဌာနမှ ကြီးမှူး၍ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။