အမြို့မြို့အနယ်နယ်သတင်းများ

Aug 20,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မြို့ရွာတစ်ခွင် စိမ်းလန်းစိုပြေစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်(၇)နာရီကသစ်မယ်ဇီကျေးရွာအုပ်စု ဒန်းကိုင်းကျေးရွာအနီး ကံမ-ပြည် လမ်းမိုင်တိုင်အမှတ် ၂/၂ မှ၂/၄အကြား လမ်းဘေးဝဲယာတစ်လျှောက်၌ တမာပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
Aug 20,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း (ညောင်ဦး) ပန်းမျိုးတစ်ရာခန်းမ၌ ပြုလုပ်ခဲ့သည်။
Aug 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ဘန့်ဗွီးကျေးရွာအုပ်စု၊ လွယ်မန့်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ဩဂုတ် ၁၈ ရက် ညနေ ၃ နာရီခွဲခန့်က power bank အားသွင်းရာမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Aug 20,2023
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးညီညီအောင်နှင့် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး ကော်မတီဝင်များသည် ယမန်​နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဝက်​မွေးမြူ​ရေးခြံများ၌ ဇီဝလုံခြုံ​ရေး မြှင့်တင်​ဆောင်ရွက်နိုင်​ရေး ကွင်းဆင်စစ်​ဆေးခဲ့​ကြောင်း သိရသည်။
Aug 20,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ စစ်ကြောင်း(၅)ကြောင်း ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စခမ်းမော်ကျေးရွာဓမ္မာရုံ၌ ယနေ့‌နံနက် (၁၀)နာရီအချိန်က ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံခဲ့ကြသည်။
Aug 20,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးနှင့် အခြားရောဂါများ မဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်နိုင်ရန် ဖုံး၊ သွန်၊ လဲ၊ စစ်၊အဘိတ်ဆေးခပ်ခြင်းကို အပတ်စဥ်စနေနေ့တိုင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီက မြို့မရပ်ကွက်နှင့်မြို့သစ်ရပ်ကွက် အတွင်းရှိ လူနေအိမ်များသို့ သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 20,2023
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ တည်ဆဲဥပဒေများနှင့်အညီ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ရွှေဟင်္သာခန်းမ၌ ကျင်းပသည်။