သထုံ ဖေဖော်ဝါရီ ၂၀
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ နွေစပါးစိုက်ခင်း၊ သစ်ရွက်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) နှင့် ဆီထွက်သီးနှံနေကြာ မျိုးစေ့ထုတ်စိုက်ခင်းတို့ စိုက်ပျိုးထားရှိမှု အခြေအနေနှင့် အထွက်နှုန်းကောင်းမွန်အောင် လိုအပ်သည်တို့ကို အကူအညီပေးနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများပူးပေါင်းကာ ယနေ့နံနက်က အဆိုပါစိုက်ခင်းများသို့ လိုက်လံကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်၊ ဒု-ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းစိုး၊ သထုံမြို့နယ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် အဖွဲ့ဝင်တို့က ဂေါ့ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၆၆၇)၊ ကြာအင်းကွင်းရှိ တောင်သူ ဒေါ်ငယ်ငယ်ထွေး၏ နွေစပါးစိုက်ခင်းသို့ ရောက်ရှိပြီး စိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ တောင်သူများနှင့်တွေဆုံ၍ လိုအပ်သောနည်းပညာ၊ သွင်းအားစုများ၊ စိုက်ပျိုးရေရရှိရေး စသည်တို့ကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့တို့သည် မြေနီကုန်းကျေးရွာ အုပ်စု၊ ကွင်းအမှတ် (၆၄၆) ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးထားသော သစ်ရွက်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) တောင်သူပညာပေးမျိုးစေ့ထုတ်ဧက (၂၀) စိုက်ခင်းနှင့် ဆီထွက်သီးနှံနေကြာ မျိုးစေ့ထုတ်စိုက်ခင်းတို့သို့ ကွင်းဆင်းကြည့်ရှုကာစက်ဖြင့် စနစ်တကျ မျိုးစေ့ချွေနေမှုနှင့် ဆိုလာစနစ်ဖြင့် စိုက်ခင်းများ ရေသွင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်တို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)