ဒဂုံမြို့နယ် သမဝါယမအသင်းစု ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကျင်းပ

ဒဂုံ ဖေဖော်ဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် သဘာပတိဒေါ်ခင်စောဦး မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်ဥမ္မာမြင့်မှ လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။ ၎င်းနောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ကာလအတွက် အသင်းစာရင်းစစ်အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းကို ဖတ်ကြားအတည်ပြုရယူပြီးနောက် ညွှန်ကြားရေးမှူးဒေါ်ဥမ္မာမြင့်မှ တက်ရောက်လာသောအသင်းဝင်(၃၀)ဦးအား အစုပေါ်အမြတ်ငွေကျပ်(၁၉၆၇၄၆၈/-)ကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

မိုးမိုးခိုင်(ပြန်/ဆက်)