ချောင်းသာမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများအား တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး

ချောင်းသာ ဖေဖော်ဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ မီးသတ်ဦးစီးဌာနအနေဖြင့်  ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များကို ကြိုတင်၍ ကာကွယ်ဆောင်ရွက်နိုင်ရန်အတွက် မီးဘေးကာကွယ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ ယနေ့နံနက် (၉) နာရီက တာဝန်ရှိသူများအဖွဲ့က တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြို့မီးသတ်ဦးစီးမှူး ဦးချစ်သဲမောင် ဦးဆောင်ပြီး သန္ဓေနှင့် အရန်တပ်ဖွဲ့ဝင်များ၊ ပူးပေါင်းအဖွဲ့များက ချောင်းသာမြို့ပေါ်ရှိ လူနေအိမ်၊ ဟိုတယ်၊ တည်းခိုခန်း၊ စက်ရုံ၊ အလုပ်ရုံများတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများနှင့် မီးငြိမ်းသတ်ရေးပစ္စည်းများ စုဆောင်းထားရှိမှု အခြေအနေများ၊ ထင်းမီး၊ မီးသွေးအသုံးပြုမှုများ၊ လျှပ်စစ်မီး သွယ်တန်းထားရှိ အသုံးပြုမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချောင်းသာမြို့ မီးသတ်ဦးစီးဌာနက ပြည်သူများ မီးဘေးလုံခြုံရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပြီး မီးဘေးအန္တရာယ် ကင်းဝေးစေရေး သတိပြုလိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက်များကို စဉ်ဆက်မပြတ် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ကျော်ကျော်(ပြန်/ဆက်)