သံဖြူဇရပ် ဖေဖော်ဝါရီ ၂၀
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အသက် ၆ လမှ ၅ နှစ်အထိ ကလေးငယ်များအား ဗီတာမင် A မျက်စိအားဆေးနှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်း၌ ပြုလုပ်ခဲ့ကြသည်။
ယင်းသို့တိုက်ကျွေးရာတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများမှ အောင်ဇေယျရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့၌ ယနေ့တွင်ကလေးငယ် (၉၃) ဦးကို ကာကွယ်ဆေးတိုက်ကျွေးပေးခဲ့သည်။ အဆိုပါဆေးတိုက်ကျွေးခြင်းကို ဖေဖေါ်ဝါရီ ၁၆ ရက်နေ့မှ စတင်တိုက်ကျွေးခဲ့ကြောင်း မြိုနယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)