အမြို့မြို့အနယ်နယ်သတင်းများ

Aug 22,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာအောက် ၂၁၀၈ စင်တီမီတာတွင် အတက်အကျမရှိဘဲ ရပ်တန့်နေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ် ၂၁ ရက် နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ သိရသည်။
Aug 22,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ​အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို ယမန်​နေ့နံနက် ၇ နာရီက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Aug 22,2023
ကျန်းမာတက်ကြွသောလူကြီးဘဝကို ဖြတ်သန်းနိုင်စေရန်ရည်ရွယ်၍ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
Aug 22,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း သက်ရှည်ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဩဂုတ်လ ၁၉ ရက်နေ့မှစ၍ ပြိုင်ပွဲဝင် လူငယ်လူရွယ်အသင်း ၉ သင်း၊ ပြိုင်ပွဲဝင်အားကစားသမားပေါင်း ၄၅ ဦးဖြင့် စတင်ယှဉ်ပြိုင်ခဲ့ရာ ယနေ့မနက်ပိုင်းတွင် ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့၌ ဌာနဆိုင်ရာများ စုပေါင်း၍ ပြည်သူများ  အပြင်ထွက်သွားလာရာ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် အသိ၊ သတိရှိစေရန် ရည်ရွယ်၍ အသိပညာပေးလက်ကမ်းစာစောင်များ၊ ပါးစပ်နှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်က မိုင်းရယ်မြို့ မြို့မဈေးကြီးတွင် ပြုလုပ်သည်။
Aug 22,2023
ပဲခူးတိုင်းဒေသကြီး၊ ယာဝတီခရိုင်၊ သာယာဝတီမြို့တွင် အမှတ်(၁၄)စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးသိပ္ပံ(သာယာဝတီ)တို့ ပူးပေါင်း၍ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီက စိုက်ပျိုးရေးသိပ္ပံ(သာယာဝတီ) ဆရာစံခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Aug 22,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများအတွက် ရှမ်းပြည်နယ်အစိုးရမှ ပေးအပ်သော ဓာတ်မြေဩဇာများအား တောင်သူများထံသို့  အခမဲ့ဖြန့်ဝေခြင်းအခမ်းအနားကို ယမန်နေ့ နံနက် (၁၀း၀၀)က  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။