မော်လမြိုင် ဖေဖော်ဝါရီ ၂ဝ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ မုဒုံမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းက ကျင်းပပြုလုပ်သည့် ဥပဒေအသိပညာပေး ဟောပြောပို့ချခြင်းကို ယနေ့နံနက်(၈)နာရီက မုဒုံမြို့၊ အိမ်တွင်းမှုသက်မွေးပညာ သင်တန်းကျောင်း၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်၊ ပြည်နယ်ဥပဒေအရာရှိ၊ခရိုင်ဥပဒေအရာရှိ၊ မြို့နယ်ဥပဒေအရာရှိ၊ အမျိုးသမီးအိမ် တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် လက်ထောက်ညွန်ကြားရေးမှူး တက်ရောက်ခဲ့သည်။
ဟောပြောပွဲတွင် မွန်ပြည်နယ် ဥပဒေချုပ်ဦးမြင့်အောင်က ဖွဲ့စည်းပုံအခြေခံဥပဒေပါ အမျိုးသမီးများနှင့်ပတ်သက်သည့် ဥပဒေပြဋ္ဌာန်းချက်များ၊ ရာဇသတ်ကြီးတွင် ပြဋ္ဌာန်းထားသည့် အမျိုးသမီးများနှင့်သက်ဆိုင်သော ဥပဒေပြဋ္ဌာန်းချက် ပုဒ်မများ၊ ၂၀၁၄ ခုနှစ် အကြမ်းဖက်မှု တိုက်ရေးဥပဒေ၊ ၂၀၀၄ ခုနှစ် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ၊ ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေ၊ ၂၀၁၀ ခုနှစ် ပြည်သူ့စစ်မှုထမ်းဥပဒေတို့နှင့် သက်ဆိုင်သော ဥပဒေပါ သိသင့်သိထိုက်သည့် ပြဋ္ဌာန်းချက်များကို ရှင်းလင်းဟောပြောပို့ချခဲ့သည်။ အဆိုပါဟောပြောပွဲတွင် အမျိုးသမီးအိမ်တွင်မှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ သင်တန်းသူ (၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်၊၊
ခင်စန်းမြင့်(ပြန်/ဆက်)