အမြို့မြို့အနယ်နယ်သတင်းများ

Sep 09,2023
ပဲခူးတိုင်ဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ ရေဘေးသင်ပြည်သူများအား ပြည်ခရိုင် ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်ကော်မတီဝင်များက ယမန်နေ့မွန်လွဲပိုင်းတွင် ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်၊ ယွန်တန်းရပ်ကွက်၊ သရက်တောရပ်ကွက်၊ မင်းတဲကျွန်းကျေးရွာနှင့် ဇီကျွှန်းကျေးရွာများမှ ရေဘေးကယ်ဆယ်ရေး စခန်း (၅) ခု ပြောင်းရွှေ့နေရသော အိမ်ထောင်စု (၆၁) ခုမှ လူဦးရေ (၂၁၉) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၄၅၉၉၀၀) ကျပ်အား ထောက်ပံပေးအပ်ပြီး ပန်းတောင်းမြို့နယ် ထုံးဘိုအုပ်စုရှိ ခတ္တိယကျေးရွာ၊ ဖောင်းကန်ကျေးရွာ၊ ရွာသာယာကျေးရွာ၊ ဆင်တဲကျေးရွာတို့မှ ကယ်ဆယ်ရေးစခန်း (၃) ခုတွင် ပြောင်ရွှေ့နေရသော အိမ်ထောင်စု (၄၆) စုမှ လူဦးရေ (၁၇၅) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၃၆၇၅၀၀) ကျပ်တို့အား ထောက်ပံပေးအပ်ခဲ့သည်။
Sep 09,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစ၍ အမ်းမြောက်ကျေးရွာအုပ်စု၊ ဒိုင်ကြီးကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(Smart Village)မိတ်ဆက်ရှင်းလင်းခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။  
Sep 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ပုသိမ်ပညာရေး ဒီဂရီကောလိပ်၊ ပညာရတနာခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Sep 09,2023
ထားဝယ်မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၁၈)နှစ်အောက်အခြေခံပညာကျောင်းပေါင်းစုံအမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီး အားကစားကွင်း၌ကျင်းပသည်။
Sep 09,2023
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ လူသုံးကုန်နှင့်စားသုံးကုန်ပစ္စည်းများ ခွဲခြားရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ညနေ(၃:၃၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။
Sep 09,2023
နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုကို ကျင်းပဆောင်ရွက်လျက်ရှိရာ စစ်တွေတက္ကသိုလ်အနေဖြင့် ကာယဗလဖွံ့ဖြိုးရေးအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ စစ်တွေတက္ကသိုလ်နှင့် ပြည်နယ်အားကစားနှင့်
Sep 09,2023
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှေ့ပြောင်းနေထိုင်ရသော အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် (၃:၀၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
Sep 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်တက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ လူငယ်သီတင်းပတ်ပွဲတော် အခမ်းအနားများကို စက်တင်ဘာ ၅ ရက်နေ့မှစတင်ကာ စက်တင်ဘာ ၇ ရက်နေ့အထိ မအူပင်တက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမဆောင်တွင် ကျင်းပသည်။