အမြို့မြို့အနယ်နယ်သတင်းများ

Mar 01,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဒေသတွင်းရှိတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်နှင့် နွေစပါးသီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ နွေစပါးအကွက်ကျယ် စံပြကွက်စိုက်ပျိးတောင်သူများအား ဆာဖိုးသာအထွက်တိုးစပါး မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာ ကွင်းအမှတ် (၇၉၀)၊ တောင်သူ ဦးဝင်းတင်စိုး၏ လယ်မြေ၌ ကျင်းပသည်။
Mar 01,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မုံးထမြို့၌ တောင်သူများစိုက်ပျိုးထားသည့် ကြက်သွန်ဖြူစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Mar 01,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)၊ ဝါသနာတူလူငယ်များအသင်း(Youth Club)တို့ပူးပေါင်းပြီး စာရေးဆရာဒေါက်တာခင်မောင်ညိုရေးသားထားသည့် "လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း" စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
Mar 01,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာအုပ်စု၊ ရှားတောကျေးရွာ SMU ခန်းမတွင် မြစိမ်းရောင်စီမံကိန်းချေးငွေထုတ်ချေးခြင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပရာ ပျဉ်းမနားခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ရွှေဝါ၊ ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်ဖြိုးအောင်၊ ဇမ္ဗူသီရိမြို့နယ်ဦးစီးမှူး ဒေါ်ကေဇင်လှိုင်၊ ဌာနဆိုင်ရာများ၊ ကျေးရွာတာဝန်ခံနှင့် ရပ်မိရပ်ဖများ၊ ပြည်သူများ တက်ရောက်ခဲ့ကြသည်။
Mar 01,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Mar 01,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ သီလရှင်စာသင်တိုက်များသို့ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက သမိဒ္ဓေါဒယသုခိတာရာမဒေါ်ဉာဏစာရီ မြန်အောင်သီလရှင်စာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Mar 01,2024
မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၄)ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
Mar 01,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကိစ္စများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ကြောင်း သိရသည်။