စမ်းချောင်းမြို့နယ်အတွင်းရှိ သီလရှင်စာသင်တိုက်များသို့ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းပွဲ ကျင်းပ

စမ်းချောင်း မတ် ၁

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ သီလရှင်စာသင်တိုက်များသို့ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက သမိဒ္ဓေါဒယသုခိတာရာမဒေါ်ဉာဏစာရီ မြန်အောင်သီလရှင်စာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇာနည်လွင်နှင့်အဖွဲ့၀င်များ၊ အလုံခရိုင်အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၀င်များ၊ စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့၀င်များနှင့် အလုံခရိုင်အတွင်းရှိ မြို့နယ်များမှအမျိုးသမီးရေးရာနှင့် မိခင်ကလေးအဖွဲ့၀င်များ၊ စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့၀င်များက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၀င်မိသားစုများနှင့် ရန်ကုန်တိုင်း‌ဒေသကြီး အမျိုးသမီးကော်မတီ‌၀င် အလှူရှင်များမှပူးပေါင်း၍လှူဒါန်းသော ဆန်၊ ဆီနှင့် ကြာဇံထုပ်စသည့် လှူဖွယ်ပစ္စည်းများအား  ဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး လယ်တီမူကမ္မဌာန်းကျောင်း၊ ကျွန်းတောသီလရှင်ကျောင်းနှင့် ဗားကရာတောရဒေါ်ငြိမ်းတင်ဇရပ် သီလရှင်ကျောင်းတို့အား ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများကို သွားရောက်ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး စုစုပေါင်းလှူဒါန်းမှုန၀ကမ္မအလှူငွေ  (၂၃၁၄၈၀၀/- )ကျပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။ 

ဖြူသွယ်ထွန်း (ပြန်/ဆက်)