အမြို့မြို့အနယ်နယ်သတင်းများ

Feb 29,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နံနက်(၈)နာရီခွဲအချိန်က ပြစ်မှုကျုးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူအား မိဘအုပ်ထိန်းသူထံ လွှဲပြောင်းလက်ခံပွဲအခမ်းအနားကို ခန္တီးတပ်နယ်နန်စီပွန်ရိပ်သာ၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Feb 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်စာရေးဆရာအသင်း နှစ်ပတ်လည်အစည်းအဝေး၊ လစ်လပ်အမှုဆောင်သစ်ရွေးချယ်ခြင်းပွဲနှင့် ဘွဲ့ထူး၊ ဂုဏ်ထူးနှင့် စာပေဆုရအသင်းဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့မွန်းလွဲ (၁၂း၃၀) နာရီအချိန်က ကျင်းပခဲ့သည်။
Feb 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre) ၌ ယမန်နေ့ မွန်းလွဲ (၃) နာရီက စာပေချစ်မြတ်နိုးသူများနှင့် ရေးသူ၊ ဖတ်သူ စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
Feb 29,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ရှိ ကြက်သွန်နီပွဲရုံများတွင် ဒေသခံတောင်သူများ စိုက်ပျိုးရောင်းချသည့် ကြက်သွန်နီကုန်များ အဝင်များလျက်ရှိပြီး စျေးနှုန်းမှာလည်း တည်ငြိမ်မှုရှိကြောင်း ကြက်သွန်စိုက်တောင်သူတစ်ဦးထံမှ သိရသည်။
Feb 29,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ခရိုင်အ‌ထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Feb 29,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ နိုင်ငံတော်မှထောက်ပံ့ပေးသည့် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယနေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
Feb 29,2024
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကိုစောင့်ထိန်းရန် နိုင်ငံသားတိုင်းတွင်တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရေးနှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁ဝ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်သည်။