အမြို့မြို့အနယ်နယ်သတင်းများ

Mar 01,2024
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆို ထောက်ခံပွဲပြုလုပ်ရာ မြို့မရပ်ကွက်၊ အ-မ-က ကျောင်းရှေ့၌ ယမန်နေ့ နံနက် ၈ နာရီအချိန် က စုရပ်ပြုလုပ်ပြီး နံနက် ၈ နာရီ ၄၅ မိနစ်အချိန်တွင် မြို့မ-အမကကျောင်းရှေ့မှ ဗိုလ်ချုပ်လမ်း အတိုင်း ငြိမ်းချမ်းစွာချီတက်ကာ ချီတက်လာရာလမ်း‌ကြောင်း တစ်လျှောက်ပြည်သူ့စစ်မှုထမ်း ဥပဒေကို ထောက်ခံပါသည်။
Mar 01,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ရှိ မြို့မစျေးကြီး၌ မီးဘေးကြိုတင် ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီ ၂၉ ရက်မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 01,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ်တွင်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ကျင်းပခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Mar 01,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဒေသခံပြည်သူများ သား/ငါးဝယ်ယူစားသုံးမှု အဆင်ပြေစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နယ်နိမိတ်အတွင်းရှိ ပွင့်ဖြူမြို့မဈေးအပါအဝင် ကျေးလက်စည်ပင်သာယာဈေး (၄)ခုတွင် (ဝက်၊ အမဲ၊ ဆိတ်)လိုင်စင်စီများမှ သားငါးများရောင်းချရာ၌ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက သားငါးဈေးသည်များ သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ 
Mar 01,2024
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့် အရေးပေါ်တုံပြန်မှုများဆိုင်ရာ Simulation exercise အဖြစ် အသိပညာပေးဟောပြောခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ဆောင်ရွက်သည်။
Mar 01,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် မြို့ပေါ်ရပ်ကွက်များမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်​ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို မတ်  ၁ ရက်နံနက် ၉ နာရီက မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Mar 01,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နေပြည်သူများနှင့် ကျေးရွာနေပြည်သူအများစုတို့သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကစီးပွားရေးလုပ်ငန်းအဖြစ်လုပ်ကိုင်၍ အသက်မွေးဝမ်းကြောင်းပြုကြရာ ရာသီအလိုက်သီးနှံများကို မိသားစုစားဝတ်နေရေးဖူလုံစေရေးနှင့် လူမှုစီးပွားရေးအဆင်ပြေစေရေးအတွက် တောင်ယာ၊ လယ်ယာခြံများနှင့် နေအိမ်ခြံဝန်းများအတွင်း စိုက်ပျိုး၍ ရောင်းချကြသည်။
Mar 01,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို စက်ရုံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ၊ မြို့မရဲစခန်းမှူးတို့က ပြည်သူ့စစ်မှုထမ်းဥပဒေပါပြဋ္ဌာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ အကျိုးခံစားခွင့်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ စသည်တို့အား ရှင်းလင်းပြောကြားခဲ့သည်။