အမြို့မြို့အနယ်နယ်သတင်းများ

Mar 01,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပန်းထိန်မနိုင် (ပန်းထိန်ငို) ပန်းများ စီးပွားဖြစ်စိုက်ပျိုးကြပြီး ယခုအချိန်တွင် ပန်းထိန်ငိုပန်းမျိုးဥများ ဈေးကောင်းရရှိနေကြောင်း သိရသည်။
Mar 01,2024
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် မင်္ဂလာရပ်ကွက် မင်္ဂလာ(၃)လမ်း၌ ယမန်နေ့ ညနေ ၃ နာရီခွဲက မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများပေးအပ်ကြောင်း သိရသည်။
Mar 01,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် ဟိုတယ်၊ မိုတယ် လုပ်ငန်းရှင်များအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ အသိပညာပေး ရှင်းလင်းခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Mar 01,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နှင့် ၇ မိုင်ကွာဝေးသော ဖိုးခေါင်ကျေးရွာရှိ အိမ်ထောင်စုများသည် မိရိုးဖလာအိုးလုပ်ငန်းဖြစ်သော မြေအိုးအမျိုးမျိုးလုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်းပြုလုပ်ခဲ့ပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Mar 01,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ မီးဘေးအသိပညာပေးဟောပြော၊ သရုပ်ပြခြင်းနှင့်မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၈)နာရီက အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 01,2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ ပြည်ထောင်စုဒုတိယ၀န်ကြီး ဒေါက်တာတင်ထွဋ်သည် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ ခရိုင်/ မြို့နယ်စိုက်ကြပ်အဖွဲ့များ လိုက်ပါလျက် ဒိုးတန်းကျေးရွာအုပ်စု၊ ဒိုးတန်းကျေးရွာ စနစ်တကျလယ်ယာတွင်တောင်သူ ဦးမောင်စိုး၏ လယ်မြေ ၁၂၅ ဧကအား နွေစပါး၊ (သုံးသီး) စိုက်ခင်းတွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးပြီးနောက် ရှမ်းစုကျေးရွာတွင် လုပ်ငန်းရှင် ဦးဇေယျာမင်း၏ Healthyfirst သဘာဝမြေဩဇာ ထုတ်လုပ်မှုလုပ်ငန်းခွင်သို့ သွားရောပ်ကြည့်ရှုအားပေးပြီး ပညာပေးဆွေးနွေးမှာကြားခဲ့‌ကြောင်း သိရသည်။
Mar 01,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ကအ.ထ.က (လဲချား)၌ ပြုလုပ်ခဲ့​သည်။
Mar 01,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် အမှတ်(၁)တပ်မတော်စစ်ဆေးရုံကုတင်(၁၀၀၀)မင်္ဂလာဒုံမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် ဆိပ်ကြီးခနောင်တိုမြို့နယ်သို့ရောက်ရှိကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်နေပြည်သူများက လှိုက်လှိုက်လှဲလှဲ ဝမ်းသာကြိုဆိုကြသည်။