အမြို့မြို့အနယ်နယ်သတင်းများ

Mar 01,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်​တွင်းရှိ လှည်းတန်း​စျေး၊ ဆင်မလိုက်စျေးနှင့် သံလွင်စျေးများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြိမ်းသတ်ခြင်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က ဈေးများရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 01,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် နွေစပါးတင်း(၁၂၀)ထွက်ရှိရေး တောင်သူနည်းပညာပေးသင်တန်းနှင့် ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ဆောင်ရွက်ကြောင်းသိရသည်။
Mar 01,2024
မွန်ပြည်နယ်၊ သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်ရှိ အာစိဏ္ဏာရာမကျောင်းတွင် ပရိယတ္တိ သာသနာ့၀န်ဆောင် ဆရာတော်များ ဦးဆောင်၍ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် အာစိဏ္ဏာရာမ ပရိယတ္တိစာမေးပွဲအား ယခုနှစ်၌ (၈၈) ကြိမ်မြောက်အဖြစ် ကျင်းပလျက်ရှိရာ ယနေ့ တတိယမြောက်နေ့အဖြစ် ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
Mar 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက်  သက်ကြီးဘိုး/ဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်း၊  (MCCT) ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားသော အသက်(၂)နှစ်အောက် ကလေးများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။
Mar 01,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်နယ် ဖျောက်ဆိပ်ခုံကျေးရွာ၌ ပြည်သူ့စစ်ဥပဒေဆိုင်ရာ ဆွေးနွေးခြင်းအခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီက ဘုရားစုကျေးရွာ ရွာလယ်ဓမ္မရုံတွင်ဆောင်ရွက်ရာ ကျေးရွာနေပြည်သူ (၁၆၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
Mar 01,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ဒေသခံပြည်သူများ စာပေဗဟုသုတရရှိစေရန်နှင့် စာပေဖတ်ရှုပြီး အသိပညာဗဟုသုတများတိုးပွားကာ ဘဝတိုးတက်စေရန်ရည်ရွယ်၍ စာအုပ်စာစောင်များ အခမဲ့ငှာရမ်းပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဒေသခံပြည်သူများ အသင်းဝင်ရောက်မှုများပြားပြီး စာအုပ်စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုကြကြောင်း သိရသည်။