အမြို့မြို့အနယ်နယ်သတင်းများ

Mar 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်းကို ယမန်နေ့နေ့လည်ပိုင်းက ကြံခင်းမြို့ဧရာဦးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Mar 01,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့ ရုံးရှိဝန်ထမ်းများနှင့် ခရိုင်နှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတို့မှ ဝန်ထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Mar 01,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူအား၊ ကြိုဆိုလက်ခံခြင်း၊ ဆုကြေးငွေထောက်ပံ့ပေးခြင်း၊ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး) ၊ အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။
Mar 01,2024
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ အထွထွေအုပ်ချုပ်ရေဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိအကြီးအကဲများ၊ ၀န်ထမ်းများ၊ ရပ်ကွက်ကျေးရွာစီမံအုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
Feb 29,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊‌ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ရေရရှိရေးနည်းလမ်းများအလိုက် နွေသီးနှံမျိုးစုံ (၄၁၆၈၇) ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
Feb 29,2024
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (Grade-9) သင်ရိုးသစ်စာမေးပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုလျက်ရှိသည့် ယမန်နေ့က သိပ္ပံဘာသာရပ် ဖြေဆိုခဲ့ကြပြီး (Grade-9) သင်ရိုးသစ်စာမေးပွဲ အောင်မြင်စွာ ဖြေဆိုပြီးစီးခဲ့ပြီဖြစ်သည်။
Feb 29,2024
ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် နှီးနွှယ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။