အမြို့မြို့အနယ်နယ်သတင်းများ

Mar 01,2024
ပဲခူတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်မှ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အကြောင်းအရာများ သိရှိလိုက်နာနိုင်စေရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
Mar 01,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် နွေသီးနှံများ စိုက်ပျိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီမှ နွေသီးနှံများလျာထားချက်ပြည့်မီအောင် စိုက်ပျိုးရေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများ၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တက်ရောက်ခဲ့ကြသည်။
Mar 01,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံအားကစားသင်တန်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ ဗိုလ်တေဇအားကစားကွင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၂)ဦးရွှေလှိုင်က သင်တန်းသူ၊ သင်တန်းသားများအား ရင်းနှီးစွာနှုတ်ဆက်၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
Mar 01,2024
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဆိုင်ရာသိကောင်းစရာဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီက ညောင်လေးပင်မြို့ အာဇာနည်လမ်းရှိ သီရိရတနာခန်းမ၌ ကျင်းပခဲ့သည်။
Mar 01,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအကြောင်းနှင့်ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအကြောင်း အသိပညာပေးဟောပြောပွဲအခမ်းအနားကို တာမွေမြို့နယ်ရှိ ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 01,2024
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ ဘတ်စကက်ဘော၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်အဖွဲ့ချုပ်များနှင့် ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၄-ခုနှစ်၊ ကာယပညာနှင့်အားကစားနည်းပြမွမ်းမံသင်တန်း (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက လယ်ဝေးမြို့၊ အားကစားလေ့ကျင့်ရေးစခန်း၊ အမှတ်(၂)တွင် ကျင်းပခဲ့သည်။
Mar 01,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းကို အုန်းပင်စုရပ်ကွက်၊ မြို့မဘောလုံကွင်း၊ ဗိုလ်မှူးအောင်ဆန်းသူရိယအေးချိုအားကစားခန်းမနှင့် (ခ)အဆင့်အား ကစားရုံတို့တွင် ယမန်နေ့ ညနေ ၃ နာရီအချိန်က စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ အားကစားဝါသနာပါသူ သင်တန်းသား၊ သင်တန်းသူများ စိတ်ပါဝင်စားစွာ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
Mar 01,2024
မွန်ပြည်နယ်၊ သထုံမြို့တွင် နွေရာသီကျောင်းပိတ်ရက်ကာလ၌ ကျောင်းသားကျောင်းသူများအား ယဉ်ကျေးလိမ္မာသောလူငယ်‌များဖြစ်လာစေရေးအတွက် ဓမ္မအလင်းတန်း ဗုဒ္ဓစာပေပြန့်ပွားရေးအသင်းမှ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို သိမ်ကုန်းရပ်ကွက်ရှိ ကြေးသွန်းရုပ်ပွားတော်မြတ်ကြီးရင်ပြင်တော်၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။