အမြို့မြို့အနယ်နယ်သတင်းများ

Sep 10,2023
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့သန့်ရှင်း သာယာလှပရေးအတွက်  စစ်တွေမြို့၊ ခုတင်(၅၀၀) ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအားလှည့်လည်ကြည့်ရှုအားပေးကြသည်။
Sep 10,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကို အိုအေစစ် အဆင့်မြင့်ဧည့်ရိပ်မွန်တွင် ကျင်းပခဲ့သည်။
Sep 10,2023
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝါသနာတူသူများ စုစည်း၍  Book Club၊ Women Club ၊ Youth Club များဖွဲ့စည်းကာ လူထုအခြေပြုဗဟိုဌာန (Community Centre) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ  မုံရွာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း( Book Club)၏အကြိမ် ( ၈၀ ) မြောက် စာဖတ်ဝိုင်းအခမ်းအနားကို  ယမန်နေ့နံနက်ပိုင်းက မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Sep 10,2023
စက်တင်ဘာ ၁၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အသိ ပညာပေး ဟောပြောပွဲ၊ နံရံကပ်ပိုစတာပြပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
Sep 10,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်က အထက(၄)၊ မဟာပညာကျော် ခန်းမ၌ ကျင်းပပြုလုပ်သည်။
Sep 10,2023
ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ဧရာဝတီမြစ်ရေ ပြန်လည်မြင့်တက်လာသည့်အတွက် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အတွင်းရှိ မြစ်ကမ်းဘေးတစ်လျှောက်ရှိ ကျေးရွာ(၇)ရွာမှ အခြေခံ ပညာစာသင်ကျောင်း (၇)ကျောင်းတွင် မြစ်ရေများ တစ်ပေခွဲခန့် ဝင်ရောက်ခဲ့ သဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ယမန်နေ့ နံနက်ပိုင်းမှစပြီး ထပ်မံ၍ ယာယီ ပိတ်ထားခဲ့ရကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Sep 10,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြစ်ဆုံလေးကွင်း၌ ယာမြေများသည် ဆည်ရေသောက်စနစ်ဖြင့် လည်းကောင်း၊ တွင်းရေစနစ်ဖြင့်လည်းကောင်း စိုက်ပျိုး ရေသောက်သုံးရသဖြင့် စပါးသီးနှံများကို အဓိကထား စိုက်ပျိုးကြသည့်အပြင် ယာမြေ များတွင် နှမ်း၊ ဝါ၊ ငှက်ပျော၊ ပဲတီစိမ်း စသည့် အခြားသီးနှံများနှင့် နှစ်ရှည်သီးနှံများကိုလည်း စိုက်ပျိုး ကြကြောင်း သိရသည်။
Sep 10,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဦးစီး၍ ရေစကြိုမြို့၊ ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။